ရမ်ဆေးဟာ ဂျုဗင်တပ်ကိုပြောင်းရွှေ့မယ်ဆိုရင်တစ်နှစ်လုပ်ခလစာ ပေါင် ၁၀.၄သန်းအထိရနိုင်တယ်လို့လည်း The Sun က ခန့်မှန်းဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၈ရက် နံနက်ပိုင်းနောက်ဆုံးရအားကစားသတင်းတိုတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။



default.jpg

Photo: goal.com

 

ပေါ်တူဂီအသင်းဟာ အီတလီအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ယူအီးအက်ဖ်အေနေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ အုပ်စုတွင်းမှာ အီတလီ၊ ပိုလန်တို့ိကိုကျော်လွှားပြီး အုပ်စုဗိုလ်အဖြစ်ရပ်တည်နိုင်ခဲ့သလို ပြိုင်ပွဲမှာပထမဆုံးနောက်တစ်ဆင့်တက်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo: goal.com

 

၂၀၁၈ အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအတက် ဆန်ကာတင်စာရင်းထွက်ပေါ်လာပါပြီ။ ဆန်ကာတင်စာရင်းမှာ ဘီနာတီယာ (မော်ရိုကို)၊ ကာလီဒူ (ဆီနီဂေါ)၊ မာနီ (ဆီနီဂေါ)၊ သောမက်စ် (ဂါနာ) နဲ့ ဆာလာ (အီဂျစ်)တို့ပါဝင်နေပါတယ်။ ၂၀၁၇ အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဆာလာက ဆွတ်ခူးရရှိထားပါတယ်။

Photo: goal.com

 

အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးဟာ ဂျုဗင်တပ်ကိုပြောင်းရွှေ့ဖို့အလွန်နီးစပ်နေပြီလို့ The Sun သတင်းဌာနကဖော်ပြထားပါတယ်။ ရမ်ဆေးဟာ ဂျုဗင်တပ်ကိုပြောင်းရွှေ့မယ်ဆိုရင်တစ်နှစ်လုပ်ခလစာ ပေါင် ၁၀.၄သန်းအထိရနိုင်တယ်လို့လည်း The Sun က ခန့်မှန်းဖော်ပြထားပါတယ်။

Photo: goal.com

 

ဒီဂီယာနဲ့စာချုပ်သစ်ဆွေးနွေးမှုအဆင်မပြေဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ပစ်ဖို့ဒ်ကို မျက်စိကျနေတယ်လို့ Mirror သတင်းဌာနကဖော်ပြထားပါတယ်။ ဒီဂီယာဟာ မန်ယူနဲ့ ၂၀၂၀အထိစာချုပ်ရှိနေသေးပေမယ့် သက်တမ်းတိုးဖို့ဆွေးနွေးရာမှာ အဆင်မပြေဖြစ်နေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က