ပေါ်တူဂီရဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးခြင်းမရှိသူဖြစ်ပါတယ်။

ပေါ်တူဂီအသင်းရဲ့နည်းပြ ဖာနန်ဒိုဆန်းတို့စ်က ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းလူစာရင်းမှာ တစ်စိတ်တပိုင်း ပါဝင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက ပေါ်တူဂီအသင်းရဲ့ပွဲစဉ်တွေကို ပါဝင်ကစားပေးခြင်းမရှိသေးသူဖြစ်ပါတယ်။



ronaldo-3.jpg

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်မှာ ဥရုဂွေးကို ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပေါ်တူဂီအသင်းအတွက် ထပ်မံ ကစားပေးခြင်းမရှိသူဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ရော်နယ်ဒို ပါဝင်ကစားပေးခြင်းမရှိပေမယ့်လည်း ယမန်နေ့က မီလန်မှာ အီတလီအသင်းကို သရေကစားပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲကို ပထမဆုံးခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

ပေါ်တူဂီအသင်းနည်းပြ ဆန်းတို့စ်က ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေသေးလားဆိုတာကို မေးခွန်းထုတ်စရာမလိုကြောင်း ပြောကြားခဲ့ပါတယ်။

"ဘာမှ သံသယဖြစ်စရာမရှိပါဘူး။ ခင်ဗျား သံသယရှိနေသေးရင်တော့ ကျွန်တော်လည်း မသိဘူး"

"ဒါပေမယ့် ရော်နယ်ဒိုက အသင်းရဲ့တစ်စိတ်တပိုင်းဖြစ်နေပါသေးတယ်"လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ ဂိုးသွင်းအများဆုံး(၈၅ ဂိုး)နဲ့ ပွဲအများဆုံး(၁၅၄ ပွဲ)ပါဝင်ကစားပေးထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေပြီး ရော်နယ်ဒိုထက် နိုင်ငံတကာသွင်းဂိုး ပိုသွင်းယူထားနိုင်သူကတော့ အီရန်အသင်းရဲ့တိုက်စစ်မှူး အလီဒါရီ(၁၀၉) တစ်ဦးတည်းသာ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က