ဂျုဗင်တပ်အသင်းနဲ့ အတူ ရော်နယ်ဒိုရရှိနိုင်တဲ့ စံချိန်သစ်တွေကို Fox Sports ကဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သလို စံချိန်တွေကို ချိုးဖျက်ပြီး စံချိန်သစ်ရေးထိုးတတ်တဲ့ကစားသမားတစ်ဦးဆိုတာ တစ်ကမ္ဘာလုံးသိကြပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဂျုဗင်တပ်ကိုပြောင်းလာပြီးနောက်ပိုင်း ခြေစွမ်းပြကစားနေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ဂျုဗင်တပ်အသင်းနဲ့ အတူ ရော်နယ်ဒိုရရှိနိုင်တဲ့ စံချိန်သစ်တွေကို Fox Sports ကဖော်ပြခဲ့ပါတယ်။



gettyimages-1059013908-594x594.jpg

Photo: Fox Sports

 

(၅) ဂျုဗင်တပ်အသင်းအတွက် တစ်ရာသီအတွင်းသွင်းဂိုးအများဆုံး

ဂျုဗင်တပ်အသင်းသမိုင်းတစ်လျှောက်မှာ တစ်ရာသီအတွင်းပြိုင်ပွဲစုံသွင်းဂိုးအများဆုံးကစားသမားအဖြစ် လက်ရှိအချိန်အထိရပ်တည်နေတဲ့ကစားသမားတစ်ဦးရှိပါတယ်။ သူကတော့ ဖရန့်ဟိုင်ဇာပါ။ ဟန်ဂေရီတိုက်စစ်မှူးဟာ ဂျုဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၆ပွဲမှာ ၃၅ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီစံချိန်က ၁၉၅၂၅-၂၆ ဘောလုံးရာသီကတည်းကပါ။ နှစ်ပေါင်း ၉၀ရှိနေပါပြီ။

ရော်နယ်ဒိုအနေနဲ့ဒီစံချိန်ကိုကျော်ဖြတ်ပြီး စံချိန်သစ်တင်မယ့်ကစားသမားဖြစ်လာဖို့ ဂျုဗင်တပ်ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ ရော်နယ်ဒို ဒီစံချိန်ကိုကျော်ဖြတ်နိုင်ဖို့အတွက်ကလည်း အကြောင်းအရင်းတစ်ရပ်ရှိပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၉-၁၀ဘောလုံးရာသီကတည်းကစပြီး တစ်ရာသီသွင်းဂိုး ၄၀ထက်ဘယ်တော့မှ လျော့ပြီးသွင်းယူခြင်းမရှိပါဘူး။

Photo: Fox Sports

 

(၄) တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုးအများဆုံး

စီးရီးအေမှာ တစ်ရာသီအတွင်းသွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေတဲ့ကစားသမားက အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ပါ။ ဟီဂူအင်ဟာ နာပိုလီအသင်းမှာကစားစဉ်က တစ်ရာသီအတွင်း ၃၆ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၅-၁၆ ဘောလုံးရာသီကပါ။

လက်ရှိအချိန်မှာ ရော်နယ်ဒိုက စီးရီးအေ ၁၂ပွဲမှာ သွင်းဂိုး ၈ဂိုးအထိရှိနေပါတယ်။ ဟီဂူအင်ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခြေရှိတယ်လို့ Fox Sports က သုံးသပ်ထားပါတယ်။

ပရိသတ်တွေကြောင့် ဂီနီနဲ့ပွဲအပြီးမှာ ငိုကြွေးခဲ့ရတဲ့ ဆာဒီယိုမာနေး 

Photo: Fox Sports

 

(၃) လိဂ်သုံးခုရဲ့ရွှေဖိနပ်ဆုရှင်

ကမ္ဘာ့ဘောလုံးသမိုင်းမှာ လုံးဝမရှိသေးတဲ့စံချိန်သစ်တစ်ခုပါ။ မတူညီတဲ့နိုင်ငံသုံးနိုင်ငံရဲ့လိဂ်သုံးခုမှာ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုကို ရယူထားနိုင်တဲ့ကစားသမား ဒီနေ့အထိမရှိသေးပါဘူး။ ရော်နယ်ဒိုဟာ ရီးယဲလ်နဲ့အတူလာလီဂါသွင်းဂိုးအများဆုံး ပီချီချီဆု၊ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုတွေရရှိခဲ့ပါတယ်။

ဂျုဗင်တပ်အသင်းနဲ့သာ တစ်ရာသီအတွင်းစီးရီးအေသွင်းဂိုးအများဆုံးဆုကို ရော်နယ်ဒိုသိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဘောလုံးသမိုင်းမှာ တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာပါ။

Photo: Fox Sports

 

(၂) မတူညီတဲ့အသင်းသုံးသင်းနဲ့ ချန်ပီယံလိဂ်ချန်ပီယံ

ဂျုဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ဆုဖလားရယူဖို့အတွက် ရော်နယ်ဒိုကို ခေါ်ယူခဲ့တာပါ။ ရော်နယ်ဒိုဟာ မန်ယူ၊ ရီးယဲလ်မက်ဒရစ်အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူထားနိုင်ပါတယ်။ ရော်နယ်ဒိုသာ ဂျုဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့မယ်ဆိုရင် မတူညီတဲ့နိုင်ငံသုံးနိုင်ငံက ကလပ်အသင်းသုံးသင်းနဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်တဲ့ကစားသမားစာရင်းဝင်မှာပါ။

ကမ္ဘာ့ဘောလုံးလောကမှာ မတူညီတဲ့ကလပ်အသင်းသုံးသင်းနဲ့ ချန်ပီယံလိဂ်ဖလားရဖူးတဲ့ကစားသမားတစ်ဦးတည်းရှိပြီး သူကတော့ နယ်သာလန်ဂန္တဝင်ကစားသမား ကလဲရင့်ဆီးဒေါ့ဖ်ပါ။ ရော်နယ်ဒိုကတော့ ဂျုဗင်တပ်နဲ့သာ ချန်ပီယံလိဂ်ရခဲ့မယ်ဆိုရင် ဒုတိယမြောက်ကစားသမားဖြစ်လာမှာပါ။

Photo: Fox Sports

 

(၁) သုံးနိုင်ငံ လိဂ်ချန်ပီယံ

ရော်နယ်ဒိုဟာ ဥရောပထိပ်တန်းလိဂ်သုံးခုဖြစ်တဲ့ အင်္ဂလန်၊ စပိန်နဲ့ အီတလီလိဂ်တွေမှာ ကစားခွင့်ရနေသူပါ။ သူကစားခဲ့တဲ့အသင်းတိုင်းအတွက်လည်း လိဂ်ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုအချိန်ကတော့ ဂျုဗင်တပ်အသင်းအတွက် လိဂ်ချန်ပီယံဖြစ်ဖို့ အာရုံစိုက်ရတော့မှာပါ။

တကယ်လို့များ ရော်နယ်ဒိုသာ ဂျုဗင်တပ်အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ရင် အီတလီ၊ အင်္ဂလန်နဲ့စပိန်လိဂ်တွေရဲ့အမှတ်ပေးချန်ပီယံဖြစ်ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က