အယ်ကာဆာနဲ့ ပေါ်လင်ဟိုတို့ကို ရောင်းထုတ်တော့မှာပါ။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ကစားသမား ၂ ဦးကို အပြီးသတ်ရောင်းချဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး ရောင်းထုတ်မယ့်ကစားသမား ၂ ဦးထဲက တစ်ဦးဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားရရှိအောင် အဓိကအခန်းကဏ္ဍကနေ ပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်။

110517_alcacer.jpg

Photos: AS



El Mundo Deportivo ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ပါကိုအယ်ကာဆာနဲ့ ပေါ်လင်ဟိုတို့ကို အငှားချထားတဲ့အသင်းတွေဆီ အပြီးသတ်ရောင်းချဖို့ ဆွေးနွေးနေပြီလို့ သိရပါတယ်။ အယ်ကာဆာဟာ လက်ရှိအချိန်မှာ ဒေါ့မွန်အသင်းမှာ အငှားနဲ့ကစားနေသူဖြစ်ပြီး အထင်ကြီးလေးစားဖွယ်ခြေစွမ်းကြောင့် ဒေါ့မွန်အသင်းက အပြီးသတ်ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ပေါ်လင်ဟိုကတော့ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလားတို့ ရရှိအောင် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပေမယ့် ယခုရာသီအစမှာ အံ့အားသင့်ဖွယ် ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ပြန်သွားခဲ့သူဖြစ်ပါတယ်။

Photos: Soccerladuma

 

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ယင်းကစားသမား ၂ ဦးအတွက် ပြောင်းရွှေ့ကြေးတွေကို ပြန်လည်ရရှိလိုနေတယ်လို့ သိရပြီး ဒေါ့မွန်အသင်းက အယ်ကာဆာကို ယူရို ၂၃ သန်းနဲ့ ခေါ်ယူသွားမယ်လို့ သိရပြီး ပေါ်လင်ဟိုကတော့ ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ယူရိုသန်း ၅၀ နဲ့ အပြီးသတ် ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဝါရင့်ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်ကို ယခုရာသီအစမှာ ခေါ်ယူနိုင်ခဲ့ပြီးနောက် ပေါ်လင်ဟိုကို တရုတ်စူပါလိဂ်ကို အငှားပြန်ချခဲ့တာဖြစ်ပြီး ဘာစီလိုုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ကစားနိုင်လောက်တဲ့ ခြေစွမ်းမျိုး မပြသနိုင်တဲ့ အယ်ကာဆာကိုလည်း ဒေါ့မွန်အသင်းဆီ အငှားချခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က