ယနေ့မှာ ခရိုအေးရှားနဲ့အင်္ဂလန်တိုု့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဝိန်းရူနီက ၎င်းရဲ့ကစားဖော်ဟောင်းတွေဟာ နည်းပြဆောက်ဂိတ်လက်အောက်မှာ အင်္ဂလန်အသင်းအောင်မြင်နေတာကို လက်ခံဖို့အတွက် ရုန်းကန်နေရတယ်လို့ ယုံကြည်နေပါတယ်။ ဝိန်းရူနီဟာ ယူအက်စ်အေနဲ့ပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားပေးခဲ့ပြီး ထိုက်တန်တဲ့ဂုဏ်ပြုနှုတ်ဆက်မှုရရှိခဲ့သူဖြစ်ပါတယ်။

6319986-6401451-image-a-23_1542487024959.jpg

Photos: Daily Mail



ဝိန်းရူနီက လက်ရှိအင်္ဂလန်အသင်းဟာ အောင်မြင်မှုရရှိဖို့ ကြီးမားတဲ့ဖြစ်နိုင်ခြေရှိနေတယ်လို့ ယုံကြည်နေပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း လက်ရွေးစင်အသင်းလူစာရင်းအားလုံးထက် ပိုမိုကောင်းမွန်တယ်ဆိုတာကို လက်ရွေးစင်ကစားသမားဟောင်းတွေက လက်ခံဖို့ ခက်ခဲနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

"တချို့ ကစားသမားဟောင်းတွေက အင်္ဂလန်အသင်း ကောင်းကောင်းလုပ်နိုင်နေတာနဲ့ပတ်သက်ပြီး မနာလိုဖြစ်နေကြတယ်ဆို ကျွန်တော် သိပါတယ်"

"အဲဒါက မှားပါတယ်။ ကျွန်တော်က အဲဒီလိုမျိုးမဟုတ်ပါဘူး။ ကျွန်တော်က အခု အင်္ဂလန်ပရိသတ်ပါပဲ။ကျွန်တော် အင်္ဂလန်ကို ကောင်းကောင်း လုပ်နိုင်စေချင်တယ်။ အင်္ဂလန်အတွက် အကြိမ်များစွာ ကစားပေးခဲ့ရတာကို ဂုဏ်ယူမိပြီး အမြဲတမ်းလည်း ဂုဏ်ယူသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Photos: Daily Mail

 

အောက်တိုဘာလ ၁၆ ရက်နေ့က စပိန်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ အင်္ဂလန်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လုပ်နိုင်ခဲ့တာထက် ပိုမိုကောင်းမွန်တာကို လုပ်နိုုင်ခဲ့တယ်ဆိုတဲ့ယုံကြည်မှုမျိုး ရရှိစေခဲ့တယ်လို့ ဝိန်းရူနီက ပြောကြားခဲ့ပါတယ်။

"ဒီအသင်းဟာ အောင်မြင်ဖို့ ဖြစ်နိုင်ခြေ ကြီးကြီးမားမားရှိနေတာကို အားလုံးလည်း မြင်နိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ဖလားကနေ ကြီးမားတဲ့အောင်မြင်မှုနဲ့ ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် ထူးဆန်းတဲ့နည်းလမ်းတစ်ခုအနေနဲ့ ကျွန်တော် တွေးမိတာက သူတို့ နွေရာသီမှာ လုပ်နိုင်ခဲ့တာထက် စပိန်အသင်းနဲ့ပွဲစဉ်က ယုံကြည်မှုတွေ ပိုပေးနိုင်ခဲ့တယ်ဆိုတာပါပဲ။ အဲဒါက ကြီးမားတဲ့ရလဒ်တစ်ခုပါပဲ။ စပိန်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာကလေ။ လူစာရင်းအားလုံးကို ကြည့်မယ်ဆိုရင်၊ ဂါးရတ် ဘယ်လိုနည်းပြနေလဲဆိုတာကြည့်မယ်ဆိုရင် အရမ်းကောင်းမွန်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က