ပေါ့ဂ်ဘာဟာ ငါးနှစ်စာချုပ်နဲ့ ဘာစီလိုနာကို ပြောင်းဖို့ရှိနေပြီး ပြောင်းရွှေ့ကြေးပေါင် ၈၉သန်းရှိနိုင်တယ်လို့ Goal.com က ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာနဲ့ ဘာစီလိုနာကြယ်ပွင့် မက်ဆီတို့ ညစာ အတူစားခဲ့ကြတယ်ဆိုတဲ့သတင်းနဲ့ဓာတ်ပုံတွေကို အီတလီမီဒီယာတစ်ချိူ့ကဖော်ပြခဲ့ကြပါတယ်။ ကစားသမားနှစ်ဦးစလုံးဟာ လက်ရွေးစင်တာဝန်မှာမပါဝင်တဲ့အတွက် ယူအေအီးနိုင်ငံကို အပန်းဖြေခရီးရောက်ရှိနေကြတာပါ။



6309190-0-image-a-22_1542452101176.jpg

Photo: Goal.com

 

ဒဏ်ရာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှာ မပါဝင်တဲ့ ပေါ့ဂ်ဘာနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူထားတဲ့ မက်ဆီတို့ ဒူဘိုင်းမှာတွေ့ဆုံပြီးအနားယူခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ နိုင်ငံတကာပွဲစဉ်တွေကြောင့် လိဂ်ပွဲတွေနှစ်ပတ်နားထားတဲ့အတွက် ဒီကစားသမားနှစ်ဦးဟာ အနားရနေပြီး ယူအေအီးနိုင်ငံကို ရောက်ရှိနေစဉ်မှာ ဆုံတွေ့ခဲ့ကြတာပါ။

Photo: Goal.com

ပရိသတ်တွေကြောင့် ဂီနီနဲ့ပွဲအပြီးမှာ ငိုကြွေးခဲ့ရတဲ့ ဆာဒီယိုမာနေး 

ပေါ့ဂ်ဘာနဲ့မက်ဆီတို့ဟာ ဒူဘိုင်းက စားသောက်ဆိုင်မှာ ညစာအတူစားခဲ့ကြပြီး ပေါ့ပေါ့ပါးပါးရှိနေတယ်လို့ အီတလီမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ ပေါ့ဂ်ဘာ ဘာစီလိုနာကိုပြောင်းရွှေ့မယ့် ကိစ္စအကြောင်း ပြောတယ်မပြောဘူးဆိုတာအတည်မပြုနိုင်ပေမယ့် မန်ယူပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ ပေါ့ဂ်ဘာဟာ ပေါင်ခြံဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲကို လွဲချော်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကြံ့ခိုင်မှုအတွက် လေ့ကျင့်နေရပါတယ်။

Photo: Goal.com

 

အတည်မပြုနိုင်တဲ့ ကောလာဟလသတင်းတွေအရ ပေါ့ဂ်ဘာဟာ ငါးနှစ်စာချုပ်နဲ့ ဘာစီလိုနာကို ပြောင်းဖို့ရှိနေပြီး ပြောင်းရွှေ့ကြေးပေါင် ၈၉သန်းရှိနိုင်တယ်လို့ Goal.com က ဖော်ပြထားပါတယ်။ ပေါ့ဂ်ဘာဟာ ဒီရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်ကတည်းက ဘာစီလိုနာကို ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းပြောင်းဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ခန့်မှန်းဖော်ပြနေကြပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က