နေမာအချက် ရာမို့စ် အခက် ကြုံနေရပါပြီ။

တနင်္လာနေ့ မနက်ပိုင်းမှာ နောက်ဆုံးရ နိုင်ငံတကာ အားကစားသတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။



Photo - We Ain't Got No History

 

- စီးရီးအေ ကလပ် အေစီမီလန်အသင်းကတော့ ချဲလ်ဆီးက ဖာဘရီဂတ်စ်ကို မျက်စိကျနေပါတယ်။ အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုကတော့ ဖာဘရီဂတ်စ်ကို စီးရီးအေကို အရခေါ်မယ်လို့ ပြောထားပါတယ်။

Photo - 90Min

 

- ဂျူဗင်တပ်အသင်းကတော့ ပေါ်တိုအသင်းက မက္ကဆီကို ကွင်းလယ်လူ ဟတ်တာ ဟာရဲရားကို ခေါ်ယူဖို့ ချည်းကပ်နေပါတယ်။ ပေါ်တူဂီက လာတဲ့ သတင်းတွေအရ အသက် ၂၈ နှစ်အရွယ် ဟာရဲရားအနေနဲ့ ပေါ်တူဂီကလပ်နဲ့ သဘောတူညီမှု ပျက်ပြယ်ခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းက ဆက်သွယ်လာတာလို့ သိရပါတယ်။

Photo - Marca

 

- ဘရာဇီး တိုက်စစ်မှူး နေမာကတော့ ရီးရဲကို ပြောင်းမယ်လို့ သတင်းတွေ ထွက်နေပေမယ့် ရီးရဲ နောက်ခံလူ ရာမို့စ်နဲ့တော့ တွဲမဆော့ချင်ဘူးလို့ ပြောလာပါတယ်။ ဒါကြောင့် နေမာ ရီးရဲကိုရောက်ဖို့ဆိုရင် ရာမို့စ်က အတားအဆီးကြီးတစ်ခု ဖြစ်နေလေတော့ ဒီအချက်က ရီးရဲ ခေါင်းခဲစရာ ဖြစ်လာမှာပါ။

Photo - Barca Blaugranes

 

- ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဒဏ်ရာရနေတဲ့ နောက်ခံလူ အမ်တီတီနေရာ အစားဖြည့်နိုင်ဖို့ လူဝယ်တော့မှာပါ။ အောက်တိုဘာမှာ ပြန်လာနိုင်မယ်လို့ သိရပေမယ့် ဒီနေ့အထိမကစားနိုင်သေးပါဘူး။ဒါကြောင့် နည်းပြ ဗယ်ဗာဒီက အခုလို စီ စဉ်ရတာပါ။

Photo - Barca Blaugranes

 

- ကိုရင်သီယန် ကွင်းလယ်လူ ပီဒရင်ဟို ကတော့ ရီးရဲရဲ့ အဓိက ပစ်မှတ်ဖြစ်လာခဲ့ပါပြီ။စပိန်သတင်းဟာ မာကာ ရဲ့ ဖော်ပြချက်မှာတော့ ရီးရဲ ဟာ အသက် ၂၀ အရွယ် ဒီကစားသမားကို မရမက ခေါ်မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က