ရမှတ် ၁ နဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေတာပါ။

ကမ္ဘာ့ဖလားချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့တဲ့ ဂျာမနီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ အံ့အားသင့်ဖွယ်ထွက်ခွာခဲ့ရပြီး နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ ဂျာမနီအသင်းရဲ့ ခံစစ်ကစားသမားဟောင်း ဟန်ပီတာဘရီဂယ်က မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့နည်းစနစ်တွေဟာ ဂျာမနီအသင်းအတွက် ဆိုးရွားတဲ့လွှမ်းမိုးမှုရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။



pep-guardiola-man-city-2018_12bsg7r1b7ets170oxbnr7r6mx.jpg

Photos: Goal

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ယင်းအချိန်တွေမှာ ဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်အသင်းကို ၎င်းရဲ့ဘောလုံးပေးပို့မှု၊ ဘောလုံးပိုင်ဆိုင်မှုအခြေပြုအတွေးအခေါ်တွေ ချမှတ်ပေးခဲ့ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ်လီဂါဖလား ၃ ကြိမ်၊ DFB-Pokals ဖလား ၂ ကြိမ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဂျာမနီမှာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ဘရီဂယ်က ဂွါဒီယိုလာရဲ့အတွေးအခေါ်ဟာ ဂျာမနီဘောလုံးလောကရဲ့စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲစေခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

Photos: Goal

 

"အရမ်းရိုးရှင်းတဲ့နိယာမတစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့စိတ်တွေကို လွတ်မြောက်အောင်ထားဖို့ပဲ။ ဘောလုံးမှာက ရလဒ်က ပွဲစဉ်ကို ထိန်းချုပ်နိုင်တာထက် ပိုအရေးကြီးပါတယ်"

"ဂွါဒီယိုလာ ဘိုင်ယန်မြူးနစ်ကို ရောက်ခဲ့တဲ့အချိန်ကတည်းက တချို့အရာတွေက ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်တို့မှာ အနိုင်ရရှိဖို့အတွက် ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းလောက်လိုအပ်တယ်ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးကို ထိန်းချုပ်နိုင်တာက ရလဒ်တွေကို ရရှိဖို့အတွက် မလုံလောက်ပါဘူး။ အနည်းဆုံးတော့ အမြဲတမ်းမဟုတ်ပါဘူး"

"အရင်သမိုင်းကြောင်းတွေနဲ့ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းက ခင်ဗျား ဘောလုံးကို ပြိုင်ဘက်အသင်းဘက်ဆီ ပေးထားပြီး ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းအောက်လောက်နဲ့ အနိုင်ရရှိနိုင်တယ်ဆိုတာ ပြသခဲ့ပြီးပါပြီ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က