ကားမောင်းနှင်ရင်း အိပ်ပျော်နေခဲ့တာပါ။

ဖရန်ဂါဂိုလို့အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ ဖူဆယ်ဘောလုံးကစားခဲ့ပြီးနောက် အိမ်ကိုအပြန် အန်ဒါလူစီယန်လမ်းမပေါ်မှာ ကားမောင်နှင်ရင်း ပင်ပန်းနေတာကြောင့် တဖြည်းဖြည်းငိုက်မြည်းရင်း သတိလက်လွတ်အိပ်ပျော်သွားခဲ့ပါတယ်။ ဒါပေမယ့် ဖရန်ဂါဂိုဟာ ကားရေဒီယိုကနေ လာနေတဲ့ အိုဆာဆူနာနဲ့ ကော်ဒိုးဘားအသင်းတို့ရဲ့ပွဲသတင်းကြေညာသူရဲ့အသံကြောင့် အသက်ဘေးကနေ ကင်းလွတ်ခဲ့ပါတယ်။

830x532_kike-barja-heros.jpg

Photos: 20 Minutes

ယင်းဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖရန်ဂါဂိုဟာ စပိန်ဒုတိယတန်းပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းနဲ့ ကော်ဒိုးဘားအသင်းတို့ ယှဉ်ပြိုင်ကစားနေတဲ့ပွဲစဉ်ကို ကားရေဒီယိုကနေတစ်ဆင့် နားထောင်နေခဲ့တာဖြစ်ပါတယ်။ ဖရန်ဂါဂိုဟာ ကားမောင်းနှင်ရင် အိပ်ပျော်သွားတဲ့အချိန်မှာပဲ အိုဆာဆူနာအသင်းအတွက် ကီကီဘာဂျာက ဂိုးသွင်းယူခဲ့ပြီး သတင်းကြေညာသူရဲ့ အော်သံကြောင့် လန့်နိုးသွားခဲ့တာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ဖရန်ဂါဂို လန့်နိုးသွားတဲ့အချိန်မှာပဲ ကားဟာ လမ်းမကြီးပေါ်မှာမရှိတော့ဘဲ တောင်စောင်းရဲ့အစွန်းမှာ ပြုတ်ကျလုနီးပါးဖြစ်နေတာကို မြင်တွေ့ခဲ့ရပြီး ဂိုုးဝင်သွားတဲ့အချိန်မှာ သတင်းကြေညာသူရဲ့စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်တဲ့အသံဟာ ၎င်းရဲ့အသက်ကို ကယ်တင်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။

Photos: Diario Gol

 

"ကျွန်တော် ကားထဲမှာ ရေဒီယိုကို ဖွင့်ပြီး မကြာခဏ Tiempo de Juego(Game Time)ကို နားထောင်ဖြစ်ပါတယ်"

"အိုဆာဆူနာနဲ့ ကော်ဒိုးနားအသင်းတို့ ကစားနေတဲ့အချိန်မှာပဲ ကျွန်တော် လမ်းမကြီးပေါ်ကို ကားမောင်းထွက်ခဲ့ပြီး အိပ်ပျော်သွားခဲ့ပါတယ်"

"ရုတ်တရက်ပဲ ကျွန်တော် 'ဂိုး'ဆိုတဲ့အသံကို ကြားခဲ့ရပြီး နိုးသွားခဲ့ပါတယ်။ မြင်လိုက်ရတာကတော့ ကျွန်တော့်ကားဟာ လမ်းပေါ်ကနေဆင်းပြီး ချောက်ကမ်းပါးပေါ်မှာ ရောက်နေတယ်ဆိုတာပဲ"

"ကျွန်တော့်အတွက် စတီယာရင်ကို လှည့်ပြီး ကားကို သစ်ပင်နဲ့တိုက်လိုက်ဖို့တစ်ခုပဲ လုပ်စရာအချိန်ရှိခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ ဖရန်ဂါဂိုဟာ ယင်းယာဉ်မတော်တဆမှုကြောင့် ကြီးကြီးမားမား ဒဏ်ရာတစ်ခုမှ မရရှိခဲ့ဘဲ ကားအတွင်းကနေ ဘယ်သူ့အကူအညီမှမပါဘဲ ထွက်နိုင်ခဲ့ပါတယ်။

သတင်းကြေညာသူဖြစ်တဲ့ ဆန်းဇ်ဟာ ၎င်းရဲ့အသံကြောင့် ဂါဂိုရဲ့အသက်ကို ကယ်တင်လိုက်နိုင်ခဲ့တယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ အရမ်း ပီတိဖြစ်သွားခဲ့တာ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်။

"ဒီလိုအဖြစ်အပျက်မျိုး ကျွန်တော့်ဘဝမှာ တစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး"

"Tiempo de Juego မှာ ဂိုးကြေညာရတာ အရမ်းကို ပျော်ရွှင်ဖို့ကောင်းပါတယ်။ အသက်တစ်ချောင်းကို ကယ်နိုင်ခဲ့တယ်ဆိုရင် ပိုလို့တောင်မှ ပျော်ရွှင်ရပါသေးတယ်"လို့ ပြောကြားခဲ့ပါတယ်။

အိုဆာဆူနာနဲ့ ကော်ဒိုးဘားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ အိုဆာဆူနာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး ဂါဂိုကလည်း အသက်ဘေးကနေ လက်မတင်လေးကင်းလွတ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က