Football Leaks က ထုတ်ဖော်ခဲ့တာပါ။

Football Leaks ရဲ့ ထုတ်ဖော်မှုအရ နောက်ထပ် ပေါက်ကြားလာခဲ့တဲ့ သတင်းကတော့ မန်ချက်စတာယူနိုက်တက် နဲ့ မိုနာကိုအသင်းတို့ရဲ့ ဖယ်လ်ကာအို အပြောင်းအရွှေ့ ကိစ္စဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှာ ယူနိုက်တက်အသင်းဟာ ဖယ်လ်ကာအိုကို  ယူရို (၆)သန်းနဲ့ အငှားခေါ်ယူနိုင်ခဲ့တဲ့ အပြောင်းအရွှေ့မှာ လုပ်ကြံဖန်တီးထားမှုတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။



Photo : 90 min

 

ပြင်သစ်သတင်းစာ Mediapart ရဲ့ ဖော်ပြမှုမှာ မိုနာကိုအယူနိုက်တက်အနေနဲ့ ရာသီကုန်မှာ အဆင့် (၄)အတွင်း ရပ်တည်နိုင်ခဲ့မယ်ဆိုရင် အပိုထပ်ဆောင်းကြေးအဖြစ် ယူရို (၄)သန်း ထပ်မံပေးချေရမယ်လို့ သဘောတူညီမှု ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ဘောလုံးလိဂ်ရဲ့ စည်းမျဉ်းတွေအရ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အပိုငွေကြေးပေးချေဖို့ကို ကန့်သတ်ထားတဲ့ စည်းမျဉ်းက ရှိနေပါတယ်။

Photo : 90 min

 

ဒီအပေါ်မှာ နှစ်ဖက်အသင်းက လက်တစ်လုံးခြား ပြုမူခဲ့တာ ဖြစ်ပါတယ်။ Mediapart ရဲ့ဖော်ပြချက်မှာတော့ - "စွမ်းဆောင်ရည်အတွက် အပိုဆုကြေးပေးချေတာမျိုးကို ပြင်သစ်လိဂ်မှာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတာပါ၊ ဒီတော့ နှစ်ဖက်အသင်းဟာ ယူရိုငွေ လေးသန်းအတွက် နည်းလမ်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ယူနိုက်တက် နဲ့ မိုနာကိုအသင်းတို့ ခြေစမ်းပွဲကစားမှာဖြစ်ပြီး ဒီအတွက် မိုနာကိုအသင်းကို ယူနိုက်တက်က ယူရိုငွေ လေးသန်း ပေးချေဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်" လို့ ရေးသားထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါခြေစမ်းပွဲကို မကစားဖြစ်ခဲ့ပဲ ရှိခဲ့ပြီးနောက် ဖယ်လ်ကာအိုအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေး ယူရိုငွေ လေးသန်းဟာ အခုအချိန်ထိ ဒီတိုင်းပဲ ရှိနေဆဲဖြစ်ပါတယ်။ Football Leaks ရဲ့ ထုတ်ဖော်မှုမှာ အခြားသော ကစားသမားအပြောင်းအရွှေ့တွေ ဖြစ်တဲ့ ရီကာဒိုကာဗယ်ဟို၊ အဘီဒယ် နဲ့ တူလာလန်တို့ရဲ့ အပြောင်းအရွှေ့ လျှို့ဝှက်ချက်တွေလည်း ထပ်ရှိနေတယ်လို့ သိရပါတယ်။

အခု ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေသာ သေချာခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက် နဲ့ မိုနာကိုအသင်းတို့ဟာ ပြင်သစ်လိဂ် အာဏာပိုင်အဖွဲ့အစည်းရဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။ ဖယ်လ်ကာအိုကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ခြေစွမ်းမပြနိုင်ခဲ့ပဲ ပြိုင်ပွဲစုံ (၂၆)ပွဲ ကစားပြီး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အတွက် မှားယွင်းတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က