သူ့အတွက် သတင်းဆိုးဖြစ်ခဲ့တယ်လို့ ရော်နယ်ဒို ညည်းညူခဲ့တာပါ။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်လူ အိုဇေးလ်ကို အာဆင်နယ်အသင်းထံ ယူရို (၄၅)သန်းနဲ့ ရောင်းချခဲပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးအလိုမှာ ရောင်းချခဲ့တာဖြစ်ပြီး ရီးရဲလ်ပရိသတ် များသာမက အသင်းဖော်တွေပါ အံ့အားသင့်ခဲ့ရတဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့သတင်းနဲ့ ပတ်သက်ပြီး ရော်နယ်ဒို ဘယ်လိုမျိုး ဖြစ်ခဲ့သလဲဆိုတာကို အိုဇေးလ်က အခုတော့ ထုတ်ဖော်ပြောကြားလိုက်ပါပြီ။



Photo : AS

 

ဂျာမနီကွင်းလယ်ကစားသမားကို ရောင်းချခဲ့တဲ့အတွက် အံ့အားအသင့်ဆုံးဖြစ်ခဲ့ရသူက တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဖြစ်ပြီး အိုဇေးလ်ရဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ်လာအပြီးမှာ ရော်နယ်ဒိုက စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတယ်လို့ အိုဇေးလ်က ပြောကြားခဲ့ကြောင်း စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အိုဇေးလ်ရဲ့ဖန်တီးပေးမှုတွေကို အဆုံးသတ်ပြီး သွင်းဂိုးတွေ ရယူနေခဲ့တာဖြစ်လို့ အိုဇေးလ် အသင်းပြောင်းမယ့် သတင်းကို သိရှိအပြီးမှာ ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူနဲ့မိုနာကိုတို့ရဲ့ ဖယ်လ်ကာအို အပြောင်းအရွှေ့ အရှုပ်တော်ပုံလည်း ထွက်ပေါ်လာပြီ 

Photo : ESPN

 

"အိုဇေးလ်ကို ရောင်းလိုက်တာ ငါ့အတွက်တော့ သတင်းဆိုးပဲ" လို့ ရော်နယ်ဒိုက ပြောကြားခဲ့တယ်လို့ အိုဇေးလ်က ဖွင့်ဟခဲ့တာပါ။ "သူက ဂိုးရှေ့မှာ ငါ့ရဲ့ လှုပ်ရှားမှုတွေကို နားအလည်နိုင်ဆုံးကစားသမားပဲ၊ အိုဇေးလ်ကို ရောင်းလိုက်တာ တော်တော်လေး စိတ်တိုစရာပဲ" လို့ ရော်နယ်ဒိုက ပြောခဲ့တယ်လို့ အိုဇေးလ်က ထပ်ပြောခဲ့ပါတယ်။ အစ္စကိုနဲ့ ဂါရတ်ဘေးလ်တို့ကို ခေါ်ယူခဲ့ပြီးနောက်မှာ ရီးရဲလ်က အိုဇေးလ်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အိုဇေးလ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ဘောလုံးရာသီမှာ လာလီဂါရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်ခဲ့ပြီး အိုဇေးလ်ရဲ့ဖန်တီးပေးမှုတွေအတွက် အကျိုးကျေးဇူးအများကြီး ရှိခဲ့တဲ့သူက ရော်နယ်ဒို ဖြစ်ပါတယ်။ "ကျွန်တော် ရီးရဲလ်မှာပဲ ဆက်ရှိမယ်လို့ ထင်ထားခဲ့ပေမယ့် ကားလို့စ်အန်ဆယ်လော့တီ နဲ့ အသင်းဘုတ်အဖွဲ့က ကျွန်တော့်အပေါ် သစ္စာမရှိခဲ့ဘူး" လို့ အိုဇေးလ်က ပြောသွားခဲ့ပါတယ်။

အဲဒီနောက်မှာတေ့ာ အိုဇေးလ်ဟာ အသင်းပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ကာ ဝင်းဂါးရဲ့ အသင်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ "ကျွန်တော့်အပေါ် ယုံကြည်မှုရှိတဲ့ အသင်းက အာဆင်နယ်လို့ ခံစားမိခဲ့ပါတယ်၊ ဒီအတွက်ကြောင့်လည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ အိုဇေးလ်က ထပ်မံပြောသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က