ဘတ်ပီနဲ့နေမာတို့ ဒဏ်ရာအသီးသီးရရှိခဲ့ပါတယ်။

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

mbappeandneymar8.jpg

Photos: Evening Standard

 

- ပြင်သစ်အသင်းရဲ့ကြယ်ပွင့်ကစားသမား ဘတ်ပီဟာ ယမန်နေ့က ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ် ပထမပိုင်း ၃၆ မိနစ်မှာ ပုခုံးဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရပါတယ်။ ဘတ်ပီရဲ့ဒဏ်ရာကို ယနေ့နံနက်အစောပိုင်းမှာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်က ကြီးကြီးမားမား စိုးရိမ်စရာမရှိကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

Photos: Sky Sports

 

- ဘရာဇီးလ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးနေမာဟာ ယမန်နေ့ညက ကင်မရွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ် ပထမပိုင်း ၈ မိနစ်မှာ ပေါင်ခြံဒဏ်ရာကြောင့် ကွင်းအတွင်းကနေ ထွက်ခွာခဲ့ရပါတယ်။ နေမာဟာ ၎င်းရဲ့ညာဘက်ပေါင်ခြံနေရာက နာကျင်လာမှုကြောင့် သက်တောင့်သက်သာမဖြစ်မှုကို စောဒကတက်ခဲ့ပြီးနောက် ကွင်းအတွင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ဘရာဇီးလ်အသင်းဆရာဝန်ရဲ့ပြောကြားချက်အရ နေမာရဲ့ပေါင်ခြံဒဏ်ရာဟာ မပြင်းထန်ဘူးလို့ သိရပြီး ပိုမိုကောင်းမွန်တဲ့ အကဲဖြတ်သုံးသပ်ချက်တွေ ပြုလုပ်နိုင်ဖို့အတွက် MRI နဲ့စစ်ဆေးမှာဖြစ်တာကြောင့် နောက်ဆုံးအခြေအနေကို သိရဖို့ အချိန်အနည်းငယ်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: Daily Star

 

- ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကော်တင်ဟိုကို ခေါ်ယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အထိ လီဗာပူးအသင်းရဲ့ မည်သည့်ကစားသမားကိုမှ ခေါ်ယူခြင်းမပြုတော့ဘူးလို့ ကတိပေးခဲ့ကြောင်း Cadena Ser ရဲ့ရေးသားချက်အရ သိရပါတယ်။ လီဗာပူးအသင်းဟာ စာချုပ်သဘောတူညီမှုတွေထဲကို စာချုပ်လျော်ကြေးတွေ ထည့်သွင်းခဲ့ပေမယ့် ကော်တင်ဟိုက ကာလရှည်ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေကို အဆုံးသတ်ပြီး ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းရဲ့ ကစားသမားတွေကို နောက် ၃ နှစ်အထိ ခေါ်ယူဖို့ မကြိုးပမ်းဘူးလို့ ကတိပေးခဲ့တာကြောင့် မာနေးနဲ့ ဖာမီနိုတို့ကို ယင်းအချိန်မတိုင်မီ ကြိုးပမ်းဦးမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Photos: Daily Mail

 

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတာဟာ အနာဂတ်နဲ့ပတ်သက်ပြီး သေချာတဲ့ဆုံးဖြတ်ချက်မျိုး မချမှတ်ရသေးဘဲ နောက်ဆုံးဆုံးဖြတ်ချက်မချမီ ၎င်းရဲ့ရွေးချယ်ခွင့်ကို သုံးသပ်ဖို့အတွက် ဇန်နဝါရီလအထိ စောင့်ဆိုင်းရမယ်လို့ သိရပါတယ်။ ESPN ရဲ့ရေးသားချက်အရ မာတာဟာ မန်ယူအသင်းမှာ ဆက်ရှိနေလိုပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောမတူမီ ဇန်နဝါရီလမှာ အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုပြုလုပ်မှာကို စောင့်ဆိုင်းပေးစေလိုနေတယ်လို့ သိရပါတယ်။ မာတာဟာ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး နိုင်ငံခြားအသင်းများနဲ့ တရားဝင်ပြောဆိုုဆွေးနွေးခွင့် စတင်ရရှိမှာဖြစ်ပြီး မန်ယူအသင်းက မာတာကို အိုးထရက်ဖို့ဒ်မှာ ဆက်လက်ထိန်းသိမ်းထားလိုနေတယ်လို့ သိရပါတယ်။

Photos: Sportskeeda

 

- လိဒ်ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နှစ် ဇူလိုင်လမှာ ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ လိဒ်ယူနိုက်တက်အသင်းနဲ့ မန်ယူအသင်းတို့ နောက်ဆုံးတွေ့ဆုံခဲ့တာဟာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ယှဉ်ပြိုင်ကစားခဲ့တဲ့ EFL ဖလားပွဲစဉ်မှာဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းနဲ့ မန်ယူအသင်းတို့ဟာ ၂၀ ရာစုနှစ်အတွင်းမှာ ကြီးမားတဲ့ပြိုင်ဘက်တွေဖြစ်ခဲ့ကြပေမယ့် လိဒ်ယူနိုက်တက်အသင်း တန်းဆင်းသွားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်နောက်ပိုင်း ၂ ကြိမ်သာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က