လစာ ၂ ဆနဲ့စာချုပ်သစ်ကမ်းလှမ်းမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို မက်မောလောက်ဖွယ်ကောင်းတဲ့ စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့က လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

0_Manchester-City-v-Manchester-United-Premier-League-Etihad-Stadiuim.jpg

Photos: Mirror

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေက မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ မော်ရင်ဟိုရဲ့ကစားကွက်မှာ အံဝင်မှုမရှိမှာကို စိုးရိမ်နေတာကြောင့် ဆွေးနွေးမှုကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ရက်ရှ်ဖို့ဒ်ဟာ အမြဲတမ်း ပွဲထွက်ကစားခွင့်ရရှိနေတဲ့ ကစားသမားမဟုတ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရရှိနေတဲ့ ကစားသမားအဖြစ် ရှိနေဆဲဖြစ်ပြီး မကြာခဏ တိုက်စစ်တောင်ပံနဲ့ အလယ်ကို ပြောင်းလဲကစားနေရတဲ့ကစားသမားဖြစ်ပါတယ်။ Daily Star ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေတဲ့အသင်းတွေရှိနေတာကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုပြန်လည်ပြုလုပ်နေပြီလို့ သိရပါတယ်။

Photos: Mirror

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ ယခုရာသီမကုန်မီမှာ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ စာချုပ်သစ် အပြီးသတ်ချုပ်ဆိုလိုနေတယ်လို့ သိရပြီး တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ အပြင် နောက်ထပ်အပိုဆုကြေးငွေတွေပါဝင်တဲ့ စာချုပ်သစ်ကို ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အန်သိုနီမာရှယ်ကလည်း စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုမရရှိသေးတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ရက်ရှ်ဖို့ဒ်ကို ကာလရှည်စာချုပ်ကို အမိအရ ချုပ်ဆိုထားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က