နေမာကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့လို့ အဝါကတ်ထိခဲ့ပါတယ်။

ဥရုဂွေးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီက ပီအက်စ်ဂျီအသင်းဖော် နေမာနဲ့ ပြီးခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ တွေ့ဆုံခဲ့ပြီးနောက် မီဒီယာတွေအနေနဲ့ ၎င်းတို့ ၂ ဦးကို ရန်ငြှိုးရှိကြတဲ့သူတွေလိုမျိုး မဖော်ပြကြဖို့ သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က အမ်းမရိတ်ကွင်းမှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးလ်အသင်းက ဥရုဂွေးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Sportskeeda

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ဘရာဇီးလ်အသင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဖော် ကြယ်ပွင့်တိုက်စစ်မှူး နေမာကို ကြမ်းတမ်းတဲ့ ဖျက်ထုတ်ပုံကြောင့် အဝါကတ်ပြသခံခဲ့ရပြီးနောက် ၎င်းတို့ ၂ ဦးကြားက ရန်ငြှိုးရန်စဟာ ပိုမိုကြီးမားလာပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ကာဗာနီရဲ့ ဖျက်ထုတ်ပုံကို ရုပ်သံပြကွက်တွေမှာ ပြန်လည်ကြည့်ရှုတဲ့အခါမှာတော့ နေမာနဲ့ ထိတွေ့မှုဟာ အနည်းငယ်မျှသာရှိခဲ့တာကို တွေ့ရပြီး ကာဗာနီက နေမာကို ဆွဲထူပေးခဲ့ပြီး ဘောလုံးကိုလည်း ပစ်ပေးခဲ့တာကို တွေ့ရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ နေမာအနားကနေ ထွက်မသွားခင်မှာ အနားကပ်ပြီး တစ်စုံတရာ ပြောကြားခဲ့တာကို တွေ့ရပြီး ပွဲအပြီးမှာတော့ ၎င်းတို့နှစ်ဦးဟာ သူငယ်ချင်းတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: Sportskeeda

 

ကာဗာနီဟာ အင်္ဂါနေ့မှာ ပြင်သစ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မီဒီယာတွေက နေမာနဲ့အခြေအနေကို ထပ်မံမေးမြန်းခဲ့တဲ့အချိန်မှာတော့ သည်းခံနိုင်စွမ်းကုန်ဆုံးသွားခဲ့ပါတယ်။

"ခင်ဗျားတို့ အဲဒါကို ခုချက်ချင်းရပ်လိုက်ဖို့ လိုပါတယ်"

"အဲဒီပြဿနာက ခင်ဗျားတို့ပဲ။ ဘာမှမရှိတဲ့ဟာကို တစ်စုံတခုဖြစ်နေသလို ဖန်တီးတဲ့ မီဒီယာတွေပဲ"

"ကွင်းအပြင်မှာ အားလုံး ကိုယ့်ဘဝနဲ့ကိုယ် နေကြတယ်။ ကွင်းထဲမှာ အားလုံး အသင်းတွေရဲ့ အကောင်းဆုံးစိတ်ဝင်စားမှုတွေရရှိအောင် အလုပ်လုပ်ကြတယ်"လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့မှာ ကာဗာနီရဲ့နောက်ထပ် ပီအက်စ်ဂျီအသင်းဖော်ဖြစ်တဲ့ ဘတ်ပီဟာ ပုခုံးဒဏ်ရာကြောင့် ပထမပိုင်းမှာ လူစားလဲခံခဲ့ရပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှာ လီဗာပူးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေပါတယ်။

"ကျွန်တော် မသိပါဘူး။ သူ့ဒဏ်ရာက အရမ်းမပြင်းထန်ဖို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အသင်း ရှေ့ဆက်သွားနိုင်ဖို့အတွက် အားလုံးကို လိုအပ်ပါတယ်"လို့ ဘတ်ပီရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ကာဗာနီက ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က