ဆုရရှိဖို့အတွက် စိတ်အားထက်သန်နေသူပါ။

ပြင်သစ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် စိတ်အားထက်သန်နေခဲ့ရင်တောင်မှ အရူးအမူး စွဲလမ်းနေတာမျိုးမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ ယခင်က ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တူညီတဲ့အဆင့်အတန်းမှာ ရောက်ရှိနေပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့သူဖြစ်ပါတယ်။

839cf-15427866029463-800.jpg

Photos: Sportskeeda

ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ယူရိုပါလိဂ်ဖလားနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဘလွန်းဒီအော်ဆုအတွက် ယှဉ်ပြိုင်နေကြတဲ့ ကစားသမားတွေထဲမှာ ပါဝင်လာသူဖြစ်ပါတယ်။

ဥရုဂွေးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘလွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး ဂရစ်ဇ်မန်းက ၎င်းရဲ့စိတ်ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photos: Givemesport

 

"ကျွန်တော်လည်း ဘလွန်းဒီအော်ဆုကို ရရှိချင်တာပါပဲ"

ဘလွန်းဒီအော်ဆုကို ရူးရူးမူးမူးစွဲလမ်းနေတာမျိုးရှိလားလို့ မေးမြန်းခဲ့တဲ့အခါမှာ "ဟင့်အင်း။ အဲဒီလိုမျိုးတော့မရှိပါဘူး။ ဒါက ပြင်သစ်အသင်းနဲ့ ကိစ္စပါ"

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

"ခင်ဗျား တစ်ဦးချင်းစီ ဆုတစ်ခုခုကို ရရှိသွားတဲ့အခါကျရင် မနှစ်သက်ကြတဲ့ လူတွေရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီမှာ ရှိနေရမှာကို ဂုဏ်ယူမိပြီး ကျွန်တော် ဆုရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်"

"မှန်တာပေါ့။ အဲဒီဆုကို ရရှိနိုင်တဲ့ တခြားလူတွေလည်းရှိပါသေးတယ်။ သူတို့လည်း ဆုရရှိဖို့အတွက် ထိုက်တန်တာပဲလေ။ အဲဒီတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရအောင်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က