ကြာသပတေးနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရ အားကစားသတင်းတွေကို စုစည်းဖော်ပြပေသွားမှာ ဖြစ်ပါတယ်။
Photo - 90min.com
- ကာဒစ်အသင်းကတော့ လာမယ့် ဇန်နဝါရီဈေးကွက်မှာ လီဗာပူးက ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နသီယယ် ကလိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဝေးလ်သတင်းဌာနတစ်ခုက ဖော်ပြလာပါတယ်။ ကလိုင်းက နောက်ပိုင်းမှာ လီဗာပူးအသင်းရဲ့ အာနိုးလ်ကို နေရာပေးမှု ကြောင့် နေရာပျောက်နေသူဖြစ်သလို ဒီနှစ်မှာလည်း အသင်းအတွက် တစ်ပွဲသာ ကစားပေးထားနိုင်ပါသေးတယ်။
Photo - Mirror
- မန်ယူအသင်းက အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ကတော့ စပိန်အင်အားကြီး ရီးရဲကို ပြောင်းရွှေ့နိုင်ရေး စကားပြောဆိုမှု တွေ ပြုလုပ်သွားတော့မယ်လို့ သတင်းတွေ ထွက်လာပါပြီ။ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့်လည်း အခုလို အသင်းပြောင်း ဖို့ ကြိုးပမ်းလာတာ ဖြစ်ပြီး ရီးရဲအသင်းကလည်း အစကတည်းက ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
Photo - Squawka
- ဆလိုဗက်ကီးယား လက်ရွေးစင် မီလန် စခရင်နီယာကို ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ အပြိုင်လုနေကြပါတယ်။ အသက် ၂၃ နှစ်အရွယ် နောက်ခံလူရဲ့ လက်တလော ပေါက်ကြေးက ပေါင် သန်း ၇၀ နီးပါးထိ ရှိနေပြီး မနှစ်က တစ်နှစ်လုံး အင်တာမှာ ပွဲထွက်ကစားထားပါတယ်။
Photo - Goal.com
- မန်ယူအသင်းကတော့ အသင်းရဲ့ အဓိက နောက်ခံလူ စမောလင်းကို တစ်ပတ်ပေါင် တစ်သိန်း နှစ်သောင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ရေး ကမ်း လှမ်းနေတယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြလာပါတယ်။ အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ စမောလင်းက လက်ရှိ တစ်ပတ် လုပ်ခ ပေါင် ၈၀၀၀၀ သာရရှိနေရာမှာ အသစ်ချုပ်ဆိုမယ့် စာချုပ်မှာတော့ ၄ သောင်းထ တိုမြှင့် ခံစားရမှာ ဖြစ်ပါတယ်။
Photo - Fear The Wall
- အာဆင်နယ်အသင်းကတော့ ဂျာမနီ လက်ရွေးစင် တစ်ဦးဖြစ်တဲ့ ဒေါ့မွန်ကစားသမား ဂျူလီယန် ဝီရယ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒေါ့မွန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အသက် ၂၃ နှစ်အရွယ် ဒီကစားသမားကို ဒေါ့မွန်အသင်းက ဆက်လက်ထိန်းထားဖို့ များတယ်လို့လည်း ဂျာမနီ သတင်းတွေမှာ ဖော်ပြနေပါတယ်။