နောက်တစ်ဆင့်တက်ဖို့ မဖြစ်မနေ အနိုင်ယူရမယ့် ပွဲဖြစ်နေပါတယ်။

အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ နေမာနဲ့ ဘတ်ပေးတို့ နှစ်ဦးစလုံး နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ ကိုယ်စီ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။



Photo - Eurosport

 

ဒီတစ်ပတ် ကြားရက်ထဲမှာတော့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ပြန်လည်စတင်ကစားစေဦးမှာ ဖြစ်ပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ အင်္ဂလန်ကလပ် လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်က ရင်ခုန်မှု အပြည့်ပေးဦးမှာပါ။

အာဖရိက ဘုရင်ကြီး အနားယူသွားပြီ 

ပထမအကျော့က ဒီနှစ်သင်း အင်္ဂလန်မြေမှာ ကစားခဲ့စဉ်က လီဗာပူးအသင်းက အိမ်ကွင်းမှာ ၃-၂ ဂိုးနဲ့ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။ လက်ရှိ အမှတ်ပေးဇယားရပ်တည်မှုအရ လီဗာပူးအသင်းက အုပ်စုကို ရမှတ် ၆ မှတ်နဲ့ ဦးဆောင်နေပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ရမှတ် ၅ မှတ်သာရရှိထားလို့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

Photo - Eurosport

 

ကြားထဲက အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ နာပိုလီအသင်းကို ကျော်ဖြတ်ချင်တယ်ဆိုရင် အခုလာမယ့် လီဗာပူးနဲ့ အိမ်ကွင်းပွဲက ပီအက်စ်ဂျီ အတွက် မဖြစ်မနေ အနိုင်ကစားဖို့ လိုနေပါတယ်။

ဒီအချိန်မှာတော့ ပီအက်စ်ဂျီအသင်းအနေနဲ့ အဓိက ကစားသမား နှစ်ဦး ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်နေရတာက အသင်းကို အများကြီး ထိခိုက် နစ်နာနေပါပြီ။

Photo - Metro

 

လူငယ် တိုက်စစ်မှူး ကိုင်လီဘတ်ပေးက ညာဖက် ပခုံးအရွတ် စုတ်ပြဲတဲ့ ဒဏ်ကို ခံစားနေရချိန်မှာ နောက်ထပ် အဓိက တိုက်စစ်မှူး နေမာ ကလည်း ဒဏ်ရာရနေပြန်ပါပြီ။

အခုလက်ရှိ အသင်းက တရားဝင် သတင်းမထုတ်ပြန်ချိန်အထိ ရှေ့ ၂ ရက်မှာ ကုသမှုတွေ ဆက်တိုက်ခံယူနေရသူတွေလည်း ဖြစ်ပါတယ်။ နေမာ ကတော့ ပြီးခဲ့တဲ့ ကင်မရွန်းအသင်းနဲ့ ခြေစမ်းပွဲမှာ ၈ မနစ်တည်းသာ ပါဝင်ကစားနိုင်ခဲ့သလို ဘတ်ပေးကလည် းဥရုဂွေးနဲ့ ခြေစမ်းပွဲမှာ မိနစ် ၃၀ သာ ကစားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ လိဂ်မှာ ရာနှုန်းပြည့် ရမှတ်တွေ ရယူထားနိုင်ပြီ လာမယ့် စနေမှာ တူးလော့အသင်းကို အိမ်ကွင်းဧည့်ခံကစားရဦးမှာ ပါ။

ဒါပေမယ့်လည်း အဓိက ကစားသမာ နှစ်ဦး ဒဏ်ရာရနေတဲ့အတွက် လာမယ့် ကြားရက် ချန်ပီယံလိဂ် ပွဲစဉ်အတွက်ကိုတော့ အသင်းအနေနဲ့ သက်တောင့်သက်သာမရှိလှပဲ နောက်တစ်ဆင့်တက်ရေးက အင်မတန်မှ အရေးပါလှတဲ့ ပွဲလည်း ဖြစ်နေလို့ ပီအက်ဂျီရဲ့ ကံကြမ္မာကို စောင့်ကြည့် ရပါတော့မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က