ဒမ်ဘီလီကို ၂၀၂၀ ခုနှစ်အထိ စာချုပ်မိလျက်သားဖြစ်နေပါတယ်။

ဒမ်ဘီလီကို ဒေါ့မွန်အသင်းကနေ ပေါင် ၉၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။ ၂၀၂၀ မတိုင်ခင် အခြား အသင်းကို ရောင်းထုတ်မယ်ဆိုရင်တော့ နောက်ထပ် ပြောင်းရွှေ့စရိတ် ၃၅ သန်းကို ဒေါ့မွန်အသင်းထံ ဆက်လက်ပေးရမှာ ဖြစ်ပါတယ်။



Photo - Getty Images

 

ဘာစီလိုနာအသင်းကတော့ အကြပ်ရိုက်စရာ အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီး ဒီအခြေအနေမျိုးကလည်း ကမ္ဘာပေါ်က ကလပ်အသင်း အချို့ တလေလောက်သာ ကြုံတွေ့ရတတ်တဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။

လီဗာပူးနဲ့ချန်ပီယံလိဂ်ပွဲအတွက် ထိုးနှက်ချက်ကြီးမားနေတဲ့ ပီအက်စ်ဂျီ 

ဒေါ့မွန်အသင်းက ပေါင် ၉၆ သန်းနဲ့ မနှစ်က နွေရာသီက ခေါ်ယူထားတဲ့ ပြင်သစ် လူငယ်တိုက်စစ်မှူး ဒမ်ဘီလီကို ပြန်ရောင်းချချင်နေသော် လည်း အခက်တွေ့နေရတာ ဖြစ်ပါတယ်။

Photo - Getty Images

 

လက်ရှိမှာ ဒဏ်ရာပြဿနာတွေ မကြာခဏကြုံတွေ့နေရတာကြောင့် အသင်းအတွက် ၂၅ ပွဲသာ ပွဲထွက်ကစားပေးထားနိုင်သေးတဲ့ ဒမ်ဘီလီကို လုပ်ခလစာ ပေါင် ၄.၅ သန်း ပေးထားရနှင့်ပြီးလည်း ဖြစ်ပါတယ်။

မူလ စာချုပ်အရ ဒမ်ဘီလီကို ၂၀၂၀ ခုနှစ်အထိ ချုပ်ဆိုထားတာ ဖြစ်ပြီး စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာ အခြားအသင်းတစ်သင်းကို ရောင်း ထုတ်မယ်ဆိုရင်တော့ စာချုပ်ပါ အချက်အလက်အရ ဒမ်ဘီလီကို ဘာစီလိုနာအသင်းက လျော်ကြေးပေးရပါလိမ့်မယ်။

မူလ တန်ဖိုးထက် နောက်ထပ် ပေါင် ၃၅ သန်း ပိုပြီးတော့ ဒေါ့မွန်အသင်းကို ပေးရဖို့ရှိနေပြီး ဒါကြောင့် စာချုပ်သက်တမ်း မကုန်ဆုံးမီသာ အခြား အသင်းကို ရောင်းထုတ်မယ်ဆိုရင် စုစုပေါင်း ဒမ်ဘီလီအတွက် ဒေါ့မွန်အသင်းကို ပေးရတဲ့ တန်ကြေးက ပေါင် ၁၃၁ သန်း အထိ ရှိလာတော့မှာ ဖြစ်ပါတယ်။

အကယ်လို့ ရောင်းမထုတ်ပဲ ဆက်ထိန်းထားမယ်ဆိုရင်လည်း လက်ရှိအချိန်မှာ ဒီကစားသမားအတွက် လုပ်ခလစာ ကုန်ကျငွေဟာပေါင် ၄.၅ သန်း အထိ ရှိနေပြီဖြစ်တာကြောင့် ၂၀၂၀ အထိဆိုရင် ၃၅ သန်းအထက်ကို ကျော်လွန်သွားဖွယ်လည်း ရှိနေပြန်ပါတယ်။

ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ အားထားရခြင်ကနေ လက်လွှတ်ခံထားရပြီ ဖြစ်တဲ့ ဒီပြင်သစ်သားလေးကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့က အပြိုင်ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က