ဂျူဗင်တပ်စ်အတွက် သွင်းဂိုး (၁၀)ဂိုး အမြန်ဆုံးပြည့်မြောက်ခဲ့တာပါ။

စနေနေ့က ကစားခဲ့တဲ့ ဂျူဗင်တပ်စ် နဲ့ SPAL တို့ရဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက နှစ်ဂိုး - ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး စီးရီးအေ အမှတ်ပေး ဇယားကို (၈)မှတ်ဖြတ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုးတွေကို ရော်နယ်ဒို နဲ့ မန်ဇူကစ်တို့က သွင်းယူပေးခဲ့ပြီး နိုင်ပွဲရရှိခဲ့တာပါ။ ဂျူဗင်တပ်စ်အတွက် ဂိုးသွင်းပေးခဲ့ပြီးနောက်မှာ ရော်နယ်ဒိုဟာ အသင်းနဲ့အတူ စံချိန်မှတ်တမ်းတချို့ကို ထပ်မံ ရရှိခဲ့ပြန်ပါတယ်။



Photo : The Guardian Nigeria

 

ပွဲကစားချိန် (၂၉)မိနစ်မှာ အလွတ်တည်ကန်ဘောကတဆင့် ရရှိလာတဲ့ အခွင့်အရေးကို ရော်နယ်ဒိုက ဧရိယာထဲကနေ ဘယ်ခြေနဲ့ အပိုင်ပိတ်သွင်းပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ ရော်နယ်ဒိုအတွက် စီးရီးအေသွင်းဂိုး (၉) ဂိုးမြောက် ဖြစ်လာခဲ့ပြီး နှစ်ပေါင်း (၅၀)အတွင်းမှာ ဂျူဗင်တပ်စ်အတွက် စီးရီးအေအဖွင့်ပွဲ (၁၃)ပွဲကစားပြီး သွင်းဂိုး (၉)ဂိုး ရရှိခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo : The Quint

 

SPAL နဲ့ပွဲက သွင်းဂိုးဟာလည်း ရော်နယ်ဒိုရဲ့ ကလပ်ကစားသမားဘ၀ ၄၀၇ ဂိုးမြောက် သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ (၁၆)ပွဲ ကစားပေးထားပြီး ရော်နယ်ဒိုက စုစုပေါင်း (၁၀) ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒီဂိုးသွင်းမှတ်တမ်း ဟာလည်း ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ (၁၀)ဂိုးကို အမြန်ဆုံးပြည့်မြောက်ခဲ့တဲ့ ကစားသမားအဖြစ် ရော်နယ်ဒိုက မှတ်တမ်းတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းကို တစ်ဂိုးသွင်းယူပေးထားပြီး စီးရီးအေသွင်းဂိုး (၉)ဂိုး ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာပြီးနောက်မှာ ရော်နယ်ဒိုက အသင်းသစ်၊ နယ်မြေသစ်မှာ ခြေစွမ်းပြသနေပြီး ပရိသတ်အကြိုက်ကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ကစားသမားဘဝမှာ မြောက်မြားလှတဲ့ စံချိန်မှတ်တမ်းတွေကို တစ်ခုပြီးတစ်ခု ရော်နယ်ဒိုက ရယူနိုင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်ကစားသမား ဘဝအစမှာလည်း မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရာသီအကုန်မှာ ဂျူဗင်တပ်စ်နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ဦးမယ် ဆိုရင်လည်း ရော်နယ်ဒိုအတွက် ထူးခြားတဲ့ မှတ်တမ်းတွေက ထပ်မံရရှိလာဦးမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က