ရေဗူးထည့်တဲ့ သေတ္တာကို ပိတ်ကန်၊ ကိုင်ပေါက်ပြီး အောင်ပွဲခံခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု (H) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ယူနိုက်တက် နဲ့ ယန်းဘွိုင်းအသင်းတို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် ဖယ်လိုင်နီက နောက်ကျအနိုင်ဂိုးကို မိနစ် (၉၀) မှာ သွင်းယူပေးခဲ့ပါတယ်။ ဖယ်လိုင်နီ ဂိုးသွင်းယူပြီး ချိန်မှာတော့ ယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ အားပါးတရအောင်ပွဲခံခဲ့မှု ပြုလုပ်သွားခဲ့တယ်လို့  Daily Mail က ဖော်ပြခဲ့ပါတယ်။

Photo : Daily Mail

 

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဒီရာသီ ချန်ပီယံလိဂ်ပွဲ (၂)ပွဲမှာ ဗလန်စီယာနဲ့ ဂိုးမရှိသရေ၊ ဂျူဗင်တပ်စ်ကို ၁-၀ တို့နဲ့ အရေးနိမ့်ထားပြီး နိုင်ပွဲမရသေးသလို သွင်းဂိုးလည်း တစ်ဂိုးမှ မရသေးတဲ့ ယူနိုက်တက်ဟာ ယန်းဘွိုင်းနဲ့ပွဲမှာလည်း ဂိုးမရှိသရေပွဲနဲ့ အဆုံးသတ်ဖို့သာ ရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ရလာဒ်မကောင်းလို့ ဖိအားတွေအောက် ရောက်နေတဲ့ မော်ရင်ဟိုအတွက် နောက်ထပ်ဖိအားတွေ တိုးမယ့်အရေးနဲ့လည်း ကြုံခဲ့ရပါတယ်။

 

Photo : Daily Mail

 

ဒါပေမယ့် မိနစ် (၉၀)မှာ ဖယ်လိုင်နီက လူကာကူရဲ့ ဖန်တီးပေးမှုကတဆင့် ညာခြေနဲ့ အပိုင်ကန်သွင်းပြီး ဂိုးယူလိုက်နိုင်ချိန်မှာတော့ မော်ရင်ဟိုဟာ ကွင်းဘေးနားမှာ အားပါးတရကို အောင်ပွဲခံသွားခဲ့ပါတယ်။ ကစားသမားတွေ သောက်သုံးဖို့အတွက် ချပေးထားတဲ့ ရေဗူးထည့်သေတ္တာကို မော်ရင်ဟိုက ပိတ်ကန်ခဲ့ပြီး ကိုင်ပေါက်ပစ်ကာ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

ဖယ်လိုင်နီရဲ့ သွင်းဂိုးကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲတွေကို တက်လှမ်းခွင့် ရရှိခဲ့ပြီး အိမ်ကွင်းမှာလည်း ပထမဆုံးသွင်းဂိုး၊ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာ ဖြစ်ပါတယ်။ တပည့်ကျော် ဖယ်လိုင်နီရဲ့ ဂိုးသွင်းမှုကို မြင်တွေ့ပြီးနောက်မှာတော့ ချုပ်တည်း ထားခဲ့ရသမျှကို မော်ရင်ဟိုက အိတ်သွန်ဖာမှောက် ဖွင့်ချခဲ့ပြီး အောင်ပွဲခံသွားခဲ့တာက တစ်ပွဲလုံးရဲ့ ဆွဲဆောင်မှုအရှိဆုံး အချိန်ဖြစ်ခဲ့ပါတယ်။

Photo : Daily Mail

 

ပွဲအပြီးမှာတော့ မော်ရင်ဟိုက - "ကျွန်တော့်ရဲ့ ချစ်ခင်ရသူတွေကို မက်ဆေ့ချ်ပို့ခဲ့တာပါ၊ ချန်ပီယံလိဂ်ကို (၁၄)ကြိမ် ကျွန်တော် ကစားခဲ့ပြီး (၁၄)ကြိမ်လုံး အုပ်စုအဆင့်က တက်ရောက်နိုင်ခဲ့ပါတယ်၊ ကျွန်တော် ချန်ပီယံလိဂ်ကို (၂)ကြိမ် ကစားခွင့်မရခဲ့ပဲ ယူရိုပါလိဂ်ကို (၂)ကြိမ် ဗိုလ်စွဲခဲ့ပါတယ်" လို့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က