ဘလွန်းဒီအောဆုပေးပွဲကို ရော်နယ်ဒိုနဲ့မက်ဆီတို့ မတက်ရောက်ခဲ့ပါဘူး။

ဘလွန်းဒီအောဆုကို (၁၀)နှစ်တိုင်တိုင် လွှမ်းမိုးထားနိုင်ခဲ့တဲ့ ဘောလုံးအကျော်အမော်နှစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ဘလွန်းဒီအောဆုပေးပွဲနဲ့ အဝေးတစ်နေရာမှာ ကိုယ်စီ ရှိနေခဲ့ကြပါတယ်။ (၁၀)နှစ်တာကာလအတွင်း ဘလွန်းဒီအောဆုကို (၅)ကြိမ်စီ ခွဲဝေယူခဲ့ကြတဲ့ ကစားသမားနှစ်ယောက်ဟာ ဒီနှစ် ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။



Photo : Daily Mail

 

ဘလွန်းဒီအောဆုရဲ့ သတ်မှတ်ချက် အဆင့် (၅)နေရာကိုသာ ရရှိခဲ့တဲ့ မက်ဆီဟာ တနင်္လာနေ့ညနေပိုင်းမှာ မိသားစုနဲ့အတူ ရှိနေခဲ့ပြီး အချိန်ဖြုးန်နေခဲ့ပါတယ်။ သူ့ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ သီယာဂို နဲ့ မက်တီယိုတို့ရဲ့ အလယ်မှာ မက်ဆီက ရှိနေခဲ့တဲ့ ဓာတ်ပုံတစ်ပုံကိုလည်း သူ့ရဲ့ အင်စတာဂရမ်မှာ မက်ဆီက တင်ခဲ့ပြီး ဘလွန်းဒီအောဆုနဲ့ ဝေးရာမှာ ရှိနေခဲ့တဲ့အကြောင်းကို Daily Mail က ဖော်ပြခဲ့ပါတယ်။

Photo : Daily Mail

 

မက်ဆီရဲ့ မဟာပြိုင်ဘက်ကြီး ရော်နယ်ဒိုကတော့ မိုဒရစ်ရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး မဲအရေအတွက် စုစုပေါင်း ၄၇၆ မှတ် ရရှိခဲ့ကာ မိုဒရစ်ကတော့ မဲအရေအတွက် ၇၅၃ မဲအထိ ရရှိခဲ့ပါတယ်။ ရော်နယ်ဒို ဆုမရရှိခဲ့တဲ့အပေါ်မှာ ရော်နယ်ဒိုရဲ့ အစ်မတွေဖြစ်တဲ့ အယ်လ်မာ နဲ့ ကာတီယာတို့က ဆိုရှယ်မီဒီယာတွေပေါ်ကနေတဆင့် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါသေးတယ်။

Photo : Daily Mail

 

အယ်လ်မာက သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ "ကံမကောင်းစွာနဲ့ပဲ စိတ်ပျက်စရာဆိုးရွားနေတဲ့ ကမ္ဘာကြီးမှာ မာဖီးယားတွေနဲ့အတူ ရှင်သန်နေရတယ်" လို့ ဆုရွေးချယ်အပြီးမှာ ရေးသားခဲ့ပါတယ်။ ကာတီယာကလည်း ပြီးခဲ့တဲ့နှစ်က ဘလွန်းဒီအောဆု ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဓာတ်ပုံကို တင်ထားခဲ့ပြီး "ဘောလုံးအကြောင်း နားလည်သူတိုင်းရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား" လို့ ရေးသားသွားခဲ့ပါတယ်။

ဆုရွေးချယ်အပြီးမှာတော့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကလည်း သူတို့ရဲ့ အင်စတာဂရမ်ကနေ ရော်နယ်ဒိုရဲ့ ပုံကို တင်ခဲ့ပြီး ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားလို့ ရေးသားသွားခဲ့ပြီး ရော်နယ်ဒိုဘက်က ရှိနေခဲ့ကြောင်း ပြသသွားခဲ့ပါတယ်။

မိုဒရစ်ကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ တစ်ဦးချင်းဆုတံဆိပ်အများအပြားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုရှင်၊ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား၊ ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမား နဲ့ အခုနောက်ဆုံး အနေနဲ့ ဘလွန်းဒီအောဆု တို့ကို ထပ်မံရရှိခဲ့ပြီး သူ့အတွက် ထူးခြားပြောင်မြောက်တဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က