ကိုပါလီဘာတေးဒိုးဗိုလ်လုပွဲ အတူလာကြည့်ကြမှာပါ။

ဘောလုံးလောကကို ၁၀ စုနှစ်တစ်ခုကြာ သိမ်းပိုက်ထားခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ဟာ ဘိုကာဂျူနီယာအသင်းနဲ့ ရေးဗားပလိတ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ကိုပါလီဘာတေးဒိုးဗိုလ်လုပွဲစဉ်ကို ဘာနေဗျူးကွင်းထဲမှာ အတူတူလာရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။



7cd719685a8345516fbb730467776f35.jpg

Photos: Sportbible

AS ရဲ့ရေးသားချက်အရ အဖွဲ့ချုပ်နဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ဟာ လာမယ့်တနင်္ဂနွေနေ့မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးစလုံးကို ဦးစားပေး ဆက်ဆံသွားဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဂျူလိုင်လမှာ ဘာနေဗျူးကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ဘာနေဗျူးကို ပြန်လည်ခြေချမှာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

မက်ဒရစ်မြို့ဟာ ယခုနှစ်အတွင်းမှာ ချန်ပီယံလိဂ်နဲ့ ကိုပါလီဘာတေးဒိုးဗိုလ်လုပွဲတွေကို လက်ခံကျင်းပမှာဖြစ်ပြီး တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ ကိုပါလီဘာတေးဒိုးဖလားဗိုလ်လုပွဲဒုအကျော့ပွဲစဉ်ကို အာဂျင်တီးနားနိုင်ငံအတွင်း ကစားခွင့်ပိတ်ပင်ခဲ့တာကြောင့် ဘာနေဗျူးကွင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

Photos: AS

 

ကိုပါလီဘာတေးဒိုးဖလားဗိုလ်လုပွဲဒုအကျော့ပွဲစဉ်ဟာ ရေးဗားပလိတ်အသင်းပရိသတ်တွေက ဘိုကာဂျူနီယာအသင်းသားတွေ လိုက်ပါလာတဲ့ အသင်းဘတ်စ်ကားကို တိုက်ခိုက်ခဲ့မှုကြောင့် ပြီးခဲ့တဲ့လအတွင်း ၂ ကြိမ်အထိ ရွှေ့ဆိုင်းခဲ့ရပါတယ်။

ရေးဗားပလိတ်အသင်းဟာ အိမ်ကွင်းမှာ ကစားခွင့််ဆုံးရှုံးခဲ့ရပေမယ့် တနင်္ဂနွေနေ့ ဘာနေဗျူးကွင်းမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ လာရောက်ကြည့်ရှုမှာဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက အာရုံစိုက်ခြင်း ခံနေရလို့ အဆိုးထဲက အကောင်းလို့ ယူဆနေမှာဖြစ်ပါတယ်။ ဘိုကာဂျူနီယာနဲ့ ရေးဗားပလိတ်တို့ ကိုပါလီဘာတေးဒိုးပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က