အသင်းပေါ်လစီကြောင့် ဒေးဗစ်လုဇ် ချယ်လ်ဆီးက ထွက်ခွာနိုင်ပါတယ်။

တနင်္လာနေ့နံနက်ပိုင်းအတွက် နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Photo : SB Nation

 

- မန်ချက်စတာစီးတီး နဲ့ ဒေါ့မွန်တို့ဟာ ဝက်စ်ဟမ်းအသင်းက လူငယ်ကွင်းလယ်ကစားသမား အောက်စ်ဖို့ဒ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။ အသက် (၁၉)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အသင်းကြီးအတွက် ပွဲထွက်ခွင့် မရရှိပေမယ့်လည်း တောက်ပတဲ့ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်းအသင်းကလည်း အောက်စ်ဖို့ဒ်ကို စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo : Fox Sports Asia

 

- အဲဗာတန်အသင်းက ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို စပိန်ကလပ် ဘာစီလိုနာက စိတ်ဝင်စားနေတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။ တိုက်စစ်မှူးဆွာရက်ဇ်ရဲ့ နေရာမှာ ရေရှည်အစားထိုးအသုံးပြုဖို့အတွက် ဈေးကွက်အတွင်းမှာ ဘာစီလိုနာက တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ရစ်ချာလီဆန်ကို မျက်စိကျလာတာဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ကစားသမားဟာ ဒီရာသီမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားပေးနေပါတယ်။

Photo : GiveMeSport

 

- မန်စီးတီးအသင်းရဲ့ လူငယ်ကစားသမား ဖီးလ်ဖိုဒန်ဟာ အသင်းနဲ့ (၆)နှစ်သက်တမ်းရှိ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီး အီတီဟတ်စ်က ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အဆုံးသတ်လိုက်ပြီလို့ Telegraph က ဖော်ပြခဲ့ပါတယ်။ အရည်အသွေးမြင့် ကွင်းလယ်ကစားသမားဟာ အင်္ဂလန်ယူ-၂၁အသင်းအတွက်လည်း ခြေစွမ်းပြကစားနေတာဖြစ်ပြီး အသက် (၁၈)နှစ်သာ ရှိသေးသူ ဖြစ်ပါတယ်။

Photo : Fox Sports Asia

 

- ချယ်လ်ဆီးအသင်းနောက်ခံလူ ဒေးဗစ်လုဇ်ဟာ အသင်းရဲ့ ပေါ်လစီကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။ အသက် (၃၀)ကျော်ကစားသမားတွေကို တစ်နှစ်သာ စာချုပ်သက်တမ်းတိုးမယ့် ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ ပေါ်လစီကြောင့် မန်စီးတီးနဲ့ ပွဲမှာ ခြေစွမ်းပြဂိုးသွင်းနိုင်ခဲတဲ့ နောက်ခံလူဟာ အသင်းက ထွက်ခွာနိုင်ချေရှိတယ်လို့ Goal.com က ဖော်ပြခဲ့ပြီး ကလပ်အသင်းနဲ့ ညှိနှိုင်းမှုတွေတော့ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Photo : The Independent

 

- အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက အသင်းရဲ့တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ချ်ဟာ အသင်းကို ပြန်လည်ပြောင်းရွှေ့လာမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် (၃၇)နှစ်ရှိပြိ ဖြစ်ပေမယ့် ထိပ်တန်းအဆင့်ခြေစွမ်းတွေကို ပိုင်ဆိုင်ထားဆဲ တိုက်စစ်မှူးကြီးဟာ မေဂျာလိဂ်မှာ ၂၇ပွဲကစားပြီး ၂၂ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် အေစီကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က