နှစ်ကျော့ပေါင်း (၅-၃)နဲ့ အနိုင်ရခဲ့တာပါ။

ဘာနေဗျူးကွင်းမှာ ကျင်းပခဲ့တဲ့ ကိုပါလီဘာတေးဒိုးစ်ဗိုလ်လုပွဲမှာ ရေးဗားပလိတ်အသင်းက ဘိုကာဂျူနီယာအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး တောင်အမေရိချန်ပီယံအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုတိယအကျော့အဖြစ် ကစားရတဲ့ ဒီပွဲစဉ်ကို ရေးဗားပလိတ်ကွင်းမှာ ကျင်းပရမှာဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ဆူပူသောင်းကျန်းမှုကြောင့် အာဂျင်တီးနားပြင်ပမှာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

 

အစဉ်အလာအရ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းနှစ်သင်း ကစားရတာဖြစ်လို့ ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး အချိန်ပိုအထိ ကစားခဲ့ရပါတယ်။ အဖွင့်ဂိုးကို ဘိုကာဂျူနီယာအသင်းက ဒါရီယိုဘန်နက်ဒက်တိုက ပွဲချိန် (၄၄)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ပထမအကျော့မှာ တစ်ဖက်နှစ်ဂိုးစီ သရေကျထားလို့ ဘိုကာဂျူနီယာအတွက် ပထမပိုင်းအပြီးမှာ အခွင့်အလမ်းကောင်းနေခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ဒုတိယပိုင်း (၆၇)မိနစ်မှာ လူးကပ်စ်ပရာတိုက ရေးဗားပလိတ်အတွက် ချေပဂိုးသွင်းခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်ခဲ့ပြီး အချိန်ပို ဆက်လက်ကစားခဲ့ရပါတယ်။ အချိန်ပို (၉၂)မှာ ဘိုကာဂျူနီယာအသင်းက ဘာရီယို့စ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ရေးဗားပလိတ် အသင်းက အနိုင်ဂိုးတွေ သွင်းယူသွားခဲ့ပါတယ်။

 

ပွဲချိန် (၁၀၉)မိနစ်မှ ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ကွင်တဲရိုးက အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး (၁၂၀)မိနစ်မှာတော့ ဂွန်ဇာလိုမာတီနက်ဇ်က နောက်ထပ်တစ်ဂိုးသွင်းယူခဲ့ကာ ရေးဗားပလိတ်အသင်းက နှစ်ကျော့ပေါင်းရလာဒ် (၅-၃)ဂိုးနဲ့ ကိုပါလီဘာတေးဒိုးစ်ဖလားကို ဘာနေဗျူးကွင်းကြီးထဲမှာပဲ ဆွတ်ခူးသွားခဲ့ပါတယ်။

 

ဘိုကာဂျူနီယာအသင်းဟာ ပွဲကစားချိန် (၁၁၁)မိနစ်မှာ နာမည်ကျော်တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ကို ထည့်သွင်းပြီး ချေပဂိုးတွေ ပြန်ရဖို့ အားထုတ်ခဲ့ပေမယ့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရလို့ ဘယ်လိုမှ အရေးမသာခဲ့ပဲ မဟာပြိုင်ဘက် ရေးဗားပလိတ်အသင်းကို ကိုပါလီဘာတေးဒိုးစ်ဖလားကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။

Share

Loading Next Article...
က္က