ဂါရတ်ဘေးလ်က (၁၀)ပွဲဆက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဟူစကာအသင်းကို ဂါရတ်ဘေးလ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အမှတ်ပေးဇယားအောက်ခြေက ဟူစကာအသင်းကို ကျဉ်းမြောင်းတဲ့ အနိုင်ရလာဒ်နဲ့သာ ရီးရဲလ်က အနိုင်ယူနိုင်ခဲ့ပါတယ်။



Photo : Reuters

 

ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဂါရတ်ဘေးလ်ဟာလည်း အမှတ်ပေးပွဲ (၁၀)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပွဲကစားချိန် (၈)မိနစ်မှာ ဂါရတ်ဘေးလ်က အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ရီးရဲလ်နည်းပြ ဆိုလာရီဟာ ကွင်းလယ်လူ အစ္စကိုကို ချန်လှပ်ထားခဲ့ဆဲ ဖြစ်တာကိုလည်း တွေ့ခဲ့ရပါတယ်။

Photo : Reuters

 

ရီးရဲလ်နည်းပြသစ်အဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဆိုလာရီဟာလည်း ပြိုင်ပွဲစုံ (၉)ပွဲ ကိုင်တွယ်ခဲ့ပြီးနောက် (၈)ပွဲနိုင်ခဲ့ပြီး (၁)ပွဲသာ ရှုံးနိမ့်ခဲ့တဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ကာ တာထွက်လှပနေခဲ့ပါတယ်။ ဒီပွဲ (၉)ပွဲမှာ ဆိုလာရီရဲ့ အသင်းဟာ ရဂိုး (၂၆)ဂိုးအထိ ရှိခဲ့ပြီး ပေးဂိုး (၆)ဂိုးသာ ရှိခဲ့လို့ တိုက်စစ်ရော၊ ခံစစ်ပိုင်းမှာပါ အကောင်းဆုံးအနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Photo : Reuters

 

ရီးရဲလ်မှာ လက်စွမ်းမပြနိုင်ဘူးလို့ ဝေဖန်ခံနေရတဲ့ ကော်တွိုက်စ်ကလည်း သေချာပေါက်ဂိုးပေးရမယ့် ကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့ပြီး ပုံမှန်လက်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ရီးရဲလ်အနေနဲ့ ဘက်ပေါင်းစုံကနေ တိုးတက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပြီး ဆိုလာရီအနေနဲ့ ဒီပုံစံကို ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ဆုဖလားစိန်ခေါ်ဖို့ လမ်းကြောင်းကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

 

လက်ရှိမှာ ဘာစီလိုနာက အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက ဆီဗီလာကို (၃)မှတ်ဖြတ်ထားပါတယ်။ တတိယနေရာမှာတော့ အက်သလက်တီကိုအသင်းက ဆီဗီလာနဲ့ ရမှတ်တူ (၂၈)မှတ်နဲ့ ရပ်တည်နေပြီး ရီးရဲလ်ကတော့ ဘာစီလိုနာနဲ့ (၅)မှတ်အကွာ၊ ဒုတိယနဲ့ တတိယနေရာက အသင်းတွေနဲ့ (၂)မှတ်ကွာနေပြီး ရမှတ် (၂၆)မှတ်နဲ့ အဆင့်(၄)မှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က