ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားရမှာပါ။

စပါးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်က တက်ရောက်ဖို့အတွက် အဆုံးအဖြတ်ပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။ အနိုင်ရရှိမှသာ နောက်တဆင့်ကို တက်ရောက်ဖို့အတွက် မျှော်လင့်နိုင်မှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာတော့ စပါးကွင်းလယ်လူ အလီက ဘာစီလိုနာအသင်းဟာလည်း လူသားတွေနဲ့ပဲ ဖွဲ့စည်းထားတာမို့ အနိုင်မရစရာအကြောင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။



Photo : Evening Standard

 

အုပ်စု (ခ)အတွင်းမှာ အင်တာမီလန်နဲ့စပါးတို့က နောက်တဆင့်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေရာဖြစ်ပြီး အင်တာမီလန်က PSV အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ စပါးကတော့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်းပွဲ (၂၈)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရယူထားတဲ့အသင်းဖြစ်ပါတယ်။ ပထမအကျော့ စပါးကွင်းမှာ ရင်ဆိုင်ခဲ့ရတုန်းက ဘာစီလိုနာက (၄-၂)နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။

Photo : Barca Blaugranes

 

"ယုံကြည်ချက်အပြည့်နဲ့ သွားရောက်ကစားမှာပါ၊ ခက်ခဲတဲ့ပွဲဖြစ်လာမယ်ဆိုတာလည်း သိပါတယ်၊ ဒါပေမယ့် သူတို့ကလည်း လူသားတွေပါပဲ၊ လူတိုင်းအမှားကျူးလွန်မိတတ်ကြပါတယ်၊ ဒီလိုအမှားအယွင်းတွေ ပြုလုပ်လာခဲ့ရင် ကျွန်တေ်ာတို့ အခွင့်အရေးယူပြီး သူတို့ကို အပြစ်ပေး သွားမှာပါ၊ အကောင်းဆုံးကြိုးစားဖို့လည်း ပြင်ဆင်ထားပါတယ်"

"ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ ကစားရမှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတချို့ ရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်၊ ကိုယ့်ကိုကိုယ် စိန်ခေါ်မှုပြုလုပ်သွားရမှာပါ၊ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သွားကစားမယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်၊ ကျွန်တော်တို့မှာ ယုံကြည်မှုလည်း ရှိနေပါတယ်" လို့ ဒယ်လီအလီက ပြောကြားခဲ့တာကို ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒယ်လီအလီက နူးကမ်မှာ သွားရောက်ကစားဖို့အတွက ်အိပ်မက်ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီက လေးစားအားကျရတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ "ကျွန်တော့်အတွက်တော့ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ၊ အံ့အားသင့်စရာ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကစားပုံကို စောင့်ကြည့်ရတာကိုက စိတ်ကျေနပ်ပျော်ရွှင်စရာပါ" လို့ အလီက ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က