စပိန်နိုင်ငံ၊ မက်ဒရစ်ထိ လာရောက်ကြည့်ရှုခဲ့ကြတာပါ။

ရေးဗားပလိတ် နဲ့ ဘိုကာဂျူနီယာအသင်းတို့ရဲ့ ကိုပါလီဘာတေးဒိုးစ်ဖလား ဗိုလ်လုပွဲကို စပိန်နိုင်ငံ၊ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ရေးဗားပလိတ်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ကို စပိန်နိုင်ငံကို ပြောင်းရွှေ့ကျင်းပခဲ့တာ ဖြစ်ပြီး အစဉ်အလာပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

Photo : Sportbible

 

တောင်အမေရိကရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲလို့ တင်စားခံထားရတဲ့ ဒီပွဲကို နှစ်ဖက်အသင်း ပရိသတ်အများအပြား လာရောက် အားပေးခဲ့ကြ ပါတယ်။ ဒီပွဲမှာမှ ဘိုကာဂျူနီယာအသင်းကို လာရောက်အားပေးတဲ့ ပရိသတ်တွေဟာ မက်ဒရစ်ကို လာရောက်ကြည့်ရှုခဲ့လို့ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Photo : Sportbible

စပိန်သတင်းဟာ Marca က ဖော်ပြခဲ့တာဖြစ်ပြီး နီကိုးလက်စ်မတ်တာရာလို့ အမည်ရ ဘိုကာဂျူနီယာပရိသတ်တစ်ဦးက Marca နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ " ဒီပွဲကို ကြည့်ရှုဖို့အတွက် ပရိသတ်တချို့ဟာ နည်းလမ်းအမျိုးမျိုးနဲ့ လာရောက်ခဲ့တာပါ၊ ပရိသတ် အများအပြားက သူတို့ရဲ့ အလုပ်ကို ပစ်ထားခဲ့ပြီး ဘိုကာဂျူနီယာရဲ့ ပွဲကို လာရောက်ကြည့်ရှုခဲ့ပါတယ်"

Photo : Sportbible

 

"ဒီအတွက် သူတို့တွေ အလုပ်က အထုတ်ခံခဲ့ရပါတယ်၊ ဒီလိုဖြစ်မယ်ဆိုတာကို သိပေမယ့်လည်း ဒီပွဲကို လာကြည့်ဖို့ကို သူတို့ ဆုံးဖြတ်ခဲ့တာပါ၊ တချို့ဆိုရင် ဒီပွဲကို လာကြည့်ဖို့ သူတို့ တစ်သက်တာလုံး စုဆောင်းထားတဲ့ ငွေကြေးတွေကို လက်မှတ်ဝယ်ယူပြီးတော့ လာရောက် ကြည့်ရှုခဲ့သလို ပန်းခြံထဲမှာတောင် ညအိပ်ခဲ့ကြရပါတယ်လို့ သူတို့ရဲ့ ဇာတ်လမ်းကို ကျွန်တော့်ကို ပြောပြခဲ့ကြတယ်"

 

TeamFA တွစ်တာအကောင့်ကလည်း ဘိုကာဂျူနီယာ နဲ့ ရေးဗားပလိတ်ပရိသတ်တွေဟာ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ တွစ်တာမှာ ဖော်ပြရေးသားခဲ့ပါတယ်။ တောင်အမေရိကရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲလည်း ဖြစ်သလို ရေးဗားပလိတ် နဲ့ ဘိုကာဂျူနီယာတို့လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကလပ်အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကြောင့်လည်း ပရိသတ်တွေဟာ သူတို့ရဲ့ အလုပ်အကိုင်နဲ့ ငွေကြေးတွေကို စတေးပစ်ခဲ့ပြီး လာရောက်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က