၎င်းနဲ့ နှိုင်းယှဉ်လို့မရနိုင်ဘူးလို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ စနေနေ့ညက အက်စ်ပန်ညိုအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူပြီး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီဟာ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ပီလီရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။



1544422139_7743e.jpg

Photos: Soccerladuma

အသက် ၃၁ နှစ်အရွယ်ရှှိပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ အလွတ်တည်ကန်ဘောကနေ ၁၇ မိနစ်၊ ၆၅ မိနစ်တို့မှာ ၂ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ပီလီက မက်ဆီဟာ ဘယ်ခြေတစ်ဖက်တည်းနဲ့ ကန်နိုင်ပြီး စွမ်းရည်တစ်မျိုးတည်းသာရှိတာကြောင့် ၎င်းနဲ့ နှိုင်းယှဉ်လို့မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ပီလီက ဒီယေဂိုမာရာဒိုနာဟာ မက်ဆီတစ်ဦးတည်းထက်ပိုကောင်းတဲ့ တစ်ဦးတည်းသော ကစားသမားမဟုတ်ဘဲ ၎င်းကလည်း မက်ဆီထက် ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ စပိန်လာလီဂါမှာ (၁၃)ရာသီဆက်တိုက် (၁၀)ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ မက်ဆီဟာ ပုံမှန်အားဖြင့် ပီလီရဲ့ဝေဖန်မှုကို ခံရလေ့ရှိတဲ့ကစားသမားမဟုတ်ပါဘူး။

Photos: Soccerladuma

 

အက်စ်ပန်ညိုနဲ့ပွဲစဉ်အပြီးမှာ ဘာစီလိုနာဘယ်နောက်ခံကစားသမား ဂျော်ဒီအယ်လ်ဘာက အသင်းဖော်မက်ဆီကို ဝေဖန်ပြောကြားခဲ့တဲ့ ပီလီရဲ့ မှတ်ချက်စကားကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

"ပီလီက သူပြောတဲ့စကားအတိုင်းသာ တကယ်ပြောခဲ့တာဆိုရင် မျက်လုံးကောင်းကောင်း မမြင်ရတော့တာ ဖြစ်လိမ့်မယ်"

"ဘောလုံးလောကထဲက တစ်စုံတယောက်ဟာ ဒီလိုပြောနိုင်တာဟာ အလိမ်အညာတစ်ခုလို့ပဲ ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ ယခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ထားတဲ့ကစားသမားဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က