AD
AD
AD

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံနေတဲ့ ဘာစီလိုနာအသင်းမှ တိုက်စစ်မှူး မက်ဆီကို ချဲလ်ဆီးအသင်းအနေနဲ့ ရပ်တန့်နိုင်ဖို့ မမြင်ဘူးလို့ ချဲလ်ဆီး တိုက်စစ်မှူး မိုရာတာက ၀န်ခံ ပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

play

 

မက်ဆီအနေနဲ့ ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ ၈ ကြိမ်စလုံးမှာ ဂိုးသွင်းယူထားနိုင်ခြင်းမရှိပေမယ့်လည်း ချဲလ်ဆီးကစားသမားတွေအနေနဲ့ကတော့ သူ့ကို ထိန်းချုပ်နိုင်စွမ်း မရှိကြဘူးလို့ မိုရာတာက ပြောခဲ့တာလည်း ဖြစ်ပါတယ်။

play

"ဒီနေရာမှာ ကျွန်တော်တို့ ရလဒ်ကောင်းတစ်ခု ရနိုင်ပါတယ်၊ဒါပေမယ့် ကျွန်တော်တို့ နောက်ခံကစားပြီး တန်ပြန်ကစားဖို့တော့လိုပါလိမ့်မယ်။ သေချာတာကတော့ မက်ဆီကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။" လို့ မိုရာတာက ပြောခဲ့တာဖြစ်ပါတယ်။

မိုရာတာမှာ ယခုနှစ်ရာသီအစက ဘာစီလိုနာအသင်းရဲ့ ဒေသတွင်းပြိုင်ဘက် ရီးရဲအသင်းထံမှ ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ရောက် ရောက်ချင်းကစားတဲ့ ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တာကြောင့် ပရိသတ်တွေရဲ့ အထင်ကြီးခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း အောက်တိုဘာလမှ စတင်ကာ ဂိုးသွင်းစွမ်းရည်ကျဆင်းခဲ့သလို ဒဏ်ရာကြောင့်လည်း ပွဲထွက်ခွင့်အချို့ ပျောက်ဆုံးထားရသူ ဖြစ်ပါတယ်။

"ကျွန်တော့်သူငယ်ချင်းတွေနဲ့၊အသင်းဖော်တွေနဲ့ အမြဲတမ်း ကစားတဲ့အခါ ကျွန်တော့်မှာ အစီအစဉ် နောက်တစ်ခု အမြဲတမ်းထားထားလေ့ရှိပါ တယ်။ရီးရဲက ကျွန်တော့်အတွက် တစ်ခြားကမ္ဘာတစ်ခုလိုပါပဲ။ဒါပေမယ့် ကျွန်တော် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဘာစီလိုနာ၊အက်သလက်၊ဆီ ဗီလာ၊ဗလင်စီယာ ဘယ်အသင်းနဲ့မှ မဆုံဖူးပါဘူး။ရီးရဲကထွက်လို့တော့ ဘ၀က မပြီးဆုံးသေးပါဘူး။ဒါပေမယ့် အခုထိတော့ ရီးရဲပရိသတ်ဖြစ်နေ တုန်းပါပဲ။" လို့ မိုရာတာက ဆက်လက်ပြောခဲ့ပါတယ်။

မိုရာတာမှာ ရီးရဲနဲ့ ရှိစဉ် လာလီဂါ အမှတ်ပေးဖလားအပြင် ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပြီး အသင်းရဲ့ ဒုတိယဦးစားပေး ကစားသမားအဖြစ်သာ ရှိနေတာကြောင့် ချဲလ်ဆီးအသင်းကို ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD