AD
AD
AD

ဆော်ဒီအာရေးဘီးယားဘောလုံးအဖွဲ့ချုပ်ဟာ ပွဲရလဒ်ကို အပြောင်းအလဲဖြစ်အောင် လာဘ်ငွေရယူပြီး မသမာမှုပြုလုပ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဖာဟစ်အယ်မီဒါဆီကို လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲကြီးကြပ်ခွင့် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပါတယ်။

play

အသက် ၃၂ နှစ်အရွယ်သာရှိသေးတဲ့ အယ်မီဒါဆီဟာ ပြီးခဲ့တဲ့ စနေနေ့က ဘုရင့်ဖလားဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်အစ်တီဟတ် အသင်းနဲ့ အယ်ဖိုက်ဆာလီအသင်းတို့ရဲ့ပွဲစဉ်ရဲ့ ရလဒ်ကို ပြင်ဆင်ဖို့အတွက် လာဘ်ငွေလက်ခံခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပြီး ဆော်ဒီအာရေးဘီးယားဘောလုံးအဖွဲ့ချုပ်က တသက်တာဘောလုံးပွဲကြီးကြပ်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

play

ဘောလုံးနဲ့ပတ်သက်တဲ့ မည်သည့်လှုပ်ရှားမှုမျိုးမှာမဆို ပါဝင်ခွင့် တားမြစ်ခံထားရတဲ့ အယ်မီဒါဆီကို လာမယ့်လမှာ ကျင်းပပြုလုပ်တော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ပေးအပ်ထားတဲ့အပေါ် ဆော်ဒီအာရေးဘီးယားဘောလုံးအဖွဲ့ချုပ်က ပြန်လည်ပယ်ဖျက်ပေးဖို့နဲ့ နိုင်ငံတကာ အဆင့်အထိ ပွဲကြီးကြပ်ခွင့်ကို ပိတ်ပင်ပေးဖို့ ဖီဖာကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

"အယ်အစ်တီဟတ်အသင်းရဲ့ဥက္ကဌ ဟာမတ်အယ်ဆာနီးရားဟာ ကွင်းလယ်ဒိုင်ရဲ့ချိန်းဆိုမှုအရ တွေ့ဆုံခဲ့ပြီး ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် အယ်အစ်တီဟတ်အသင်းနဲ့ အယ်ဖိုက်ဆာလီအသင်းတို့ရဲ့ပွဲစဉ်ကို ဖာဟစ်အယ်မီဒါဆီက စီမံခန့်ခွဲပေးမယ့်အကြောင်းကို ပြောကြားခဲ့ကြောင်း ဆော်ဒီဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားခဲ့ပါတယ်"

"အယ်အစ်တီဟတ်အသင်းရဲ့ဥက္ကဌက ယင်းဖြစ်ရပ်မှာ အယ်မီဒါဆီက ငွေကြေးတောင်းခံမှုပြုလုပ်ခဲ့ကြောင်း အတည်ပြုပေးခဲ့ပါတယ်"

"အယ်အစ်တီဟတ်အသင်းဥက္ကဌရဲ့တင်ပြချက်ကို လက်ခံရရှိပြီးနောက် ဘောလုံးအဖွဲ့ချုပ်ဟာ အားကစားအထွေထွေညွှန်ကြားမှုဦးစီးဌာနရဲ့ ဥက္ကဌဆီကို အယ်အစ်တီဟတ်အသင်းဥက္ကဌ ပေးပို့ခဲ့တဲ့အချက်အလက်အသေးစိတ်ကို အောင်မြင်စွာနဲ့ ပေးပို့ခဲ့ပါတယ်"

"အယ်မီဒါဆီကို စီမံခန့်ခွဲရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ထိန်းသိမ်းခဲ့ပါတယ်။ ဆော်ဒီဘောလုံးအဖွဲ့ချုပ်ကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုအတွင်းမှာ အယ်မီဒါဆီက လာဘ်ငွေပေးဖို့ တောင်းဆိုခဲ့တယ်လို့ အပြစ်ကို ဝန်ခံခဲ့တာကြောင့် စွဲချက်ကို သက်သေပြနိုင်ခဲ့တဲ့ အကြောင်းကို ပေးပို့တာလက်ခံရရှိခဲ့ပါတယ်"လို့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားထားပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD