AD
AD
AD

အီတလီလက်ရွေးစင်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ လာမယ့် ဇွန်လမှာ ကစားမယ့် နယ်သာလန်အသင်းနဲ့ပွဲစဉ်မှာ အီတလီအသင်းအတွက် ကစားပေးဖို့အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

play

 

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းအတွက် ၁၉၉၇ ခုနှစ်မှာ ပွဲထွက်ကစားပေးခဲ့ပြီး ၂၁ နှစ်တိုင် တည်ငြိမ်တဲ့ လက်စွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ ပါးမားအသင်းကနေ ဂျူဗင်တပ်အသင်းကို ၂၀၀၁ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ဂျူဗင်တပ်အသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော် ပါဝင်ကစားပေးထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။

play

 

ဝါရင့်ဂိုးသမားကြီးဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းကို စိတ်ပျက်ဒေါသထွက်နေတယ်လို့ ယုံကြည်ရပြီး လာမယ့်ဇွန်လမှာ နယ်သာလန်အသင်းနဲ့ ခြေစမ်းပွဲအဖြစ် ကစားရမယ့်ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ အီတလီဘောလုံးအဖွဲ့ချုပ်အနေနဲ့ Allianz ကွင်းကြီးထဲမှာ နယ်သာလန်အသင်းနဲ့ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ ဘူဖွန်ကို ဂုဏ်ပြုဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဘူဖွန်အနေနဲ့ ယင်းပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ ငြင်းဆန်လိုက်တဲ့အတွက် ယင်းဂုဏ်ပြုအစီအစဉ်လည်း ဖျက်သိမ်းရဖွယ်ရှိနေတာဖြစ်ပါတယ်။

play

 

အီတလီလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးခဲ့ပြီးနောက် ဘူဖွန်ဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပြီး ဘူဖွန်ဟာ ပြီးခဲ့တဲ့ အင်္ဂလန်၊ အာဂျင်တီးနားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ် ၂ ပွဲမှာ ချန်လှပ်ခဲ့တဲ့ ခေတ္တနည်းပြ လူဝီဂျီဒီဘီရာဂျီယိုကို ဒေါသထွက်နေတာကြောင့် ယခုလို ကမ်းလှမ်းမှုကို ပယ်ချလိုက်တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD