AD
AD
AD
play

 

ယနေ့ညမှာ ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့ ဘလွန်းဒီအော်ဆုပေးပွဲအခမ်းအနားအတွက် အားလုံးရင်ခုန်စောင့်မျှော်နေချိန်မှာ Nike ကုမ္ပဏီက ဖိနပ်တစ်ရံကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြပါတယ်။

play

 

ယင်းဖိနပ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ သီးသန့်ထုတ်လုပ်ထားတဲ့ ဖိနပ်ဖြစ်ပြီး ဖိနပ်အတွင်းဘက်မှာ ရော်နယ်ဒို ဘလွန်းဒီအော်ဆုကို ရရှိခဲ့တဲ့ ခုနှစ်တွေကို ထည့်သွင်းထားပြီး ၂၀၁၇ ခုနှစ်ကိုပါ ထည့်သွင်းထားတဲ့အတွက် စဉ်းစားစရာတွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဥက္ကဌပီးရက်ဇ်ကလည်း ဘလွန်းဒီအော်ဆုကို ရော်နယ်ဒိုကသာ ရရှိမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ရော်နယ်ဒိုဟာ ကျွန်တော်တို့ရဲ့အကြီးမားဆုံး သင်္ကေတတစ်ခုပါပဲ"

"သူက ကျွန်တော်တို့အသင်းရဲ့သမိုင်းမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ ဒီနေ့မှာတော့ ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ ၅ ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ရယူနိုင်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD