AD
AD
AD

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂရစ်ဇ်မန်းဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး အသင်းဖော်ဒီယေဂိုကော်စတာကတော့ အသင်းမှာဆက်လက်ရှိနေပေးဖို့ တောင်းဆိုခဲ့ကြောင်း AS က ရေးသားထားပါတယ်။

play
မာဆေးလ်အသင်းဘက်ကို ဂိုးသွင်းယူနေစဉ်

 

မာဆေးလ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းက စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ ပေးပြီး ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့တဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာက အသင်းဖော် ဂရစ်ဇ်မန်းကို အသင်းမှာဆက်လက်ရှိနေစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။

play
လေ့ကျင့်ရေးမှာ အတူတွေ့ရတဲ့ ဒီယေဂိုကော်စတာနဲ့ ဂရစ်ဇ်မန်း

 

"သူ့ရဲ့ရှေ့ရေးမှာ ဘာတွေဖြစ်လာမလဲဆိုတာ ပြောဖို့ သူအချိန်နည်းနည်းယူနေပါတယ်။ သူ့ရဲ့ဘက်မှာ တစ်စုံတစ်ခု ပြဿနာရှိနေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တာပဲ"

"ကျွန်တော် သူ့ကို ပြောခဲ့တာက ဘာလဲဆိုတော့ ခင်ဗျားအနေနဲ့ ပျော်ရွှင်ရမယ်။ အဲဒီလိုမျိုး ခံစားနေရမယ်။ ဘာကြောင့်လဲဆိုတော့ ပျော်ရွှင်နေတဲ့ ကစားသမားက ပိုပြီး ကောင်းမွန်လာမှာပဲ။ ဒါပေမယ့် ပျော်ရွှင်ဖို့အတွက် ခင်ဗျား ပြောင်းရွှေ့ဖို့ စဉ်းစားမယ်ဆိုရင် ခင်ဗျားအနေနဲ့ သက်တောင့်သက်သာနဲ့ ပျော်ရွှင်မှုတွေ ခံစားပြီး ထွက်ခွာသွားတဲ့ ကစားသမားဖြစ်ဖို့ လိုအပ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်"

"သူ့ကို ကျွန်တော်တို့ နှစ်သက်ကြတယ်ဆိုတာ သူ သိပါတယ်။ သူက ဒီမှာ အသင်းရဲ့အားအထားရဆုံးကစားသမားပါ။ အရေးအကြီးဆုံးကစားသမားလည်းဖြစ်ပါတယ်။ သူ ကျွန်တော်တို့နဲ့သာ အတူရှိနေမယ်ဆိုရင် အရမ်းကို ကောင်းမှာပါ"

"တကယ်လို့ သူ ထွက်ခွာသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ဒီရာသီမှာ ဖလားရရှိအောင် ကူညီပေးခဲ့တဲ့အတွက် ပျော်ရွှင်မှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ ဒီမှာပဲနေမယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Photos: AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD