AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ စံချိန်တွေကို များစွာကို ချိုးဖျက်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဥရောပလိဂ် ပြိုင်ပွဲအားလုံးရဲ့ တသက်တာသွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ အဆင့် ၇ နေရာအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဥရောပစံချိန်တင်ဂိုးသွင်းရှင်စာရင်းမှာ သွင်းဂိုး စုစုပေါင်း ၃၉၆ ဂိုးနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီကတော့ ၃၇၄ ဂိုးနဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ စပို့တင်းအသင်းအတွက် ၃ ဂိုး၊ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၈၄ ဂိုး၊ ရီးရဲမက်ဒရစ်အသင်းအတွက် ၃၀၉ ဂိုးသွင်းယူပေးထားတာ ဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာလည်း ခရစ်စတီယာနိုရော်နယ်ဒိုက ဥရောပထိပ်သီးလိဂ် ၅ ခုထဲမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ် ပြိုင်ဘက် ကစားသမား မက်ဆီကို ကျော်ဖြတ်ပြီး ရပ်တည်နေတာဖြစ်ပါတယ်။ ဥရောပတသက်တာဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဂျိုးဆက် ဘီကန်က ၅၁၈ ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ၁၉၃၁ ခုနှစ်ကနေ ၁၉၅၅ ခုနှစ်အတွင်း သွင်းယူခဲ့တာဖြစ်ပါတယ်။

Source & Photos: SL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD