အနီကတ်ပြသခံခဲ့ရတာပါ။

ရီးရဲလ်မက်ဒရစ် လူငယ်တိုက်စစ်မှူး ဗင်နီရှပ်ဂျူနီယာဟာ ရီးရဲလ်မက်ဒရစ်လူငယ်အသင်း နဲ့ ဆဲလ်တာဗီဂိုလူငယ်အသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် ဘာစီလိုနာနဲ့ ကစားရမယ့် အယ်ကလက်စီကိုပြိုင်ပွဲကို လွဲချော်သွားပြီ ဖြစ်ပါတယ်။ ဗင်နီရှပ်ဟာ ဆဲလ်တာဗီဂိုနဲ့ပွဲမှာ ဒိုင်ဗင်ထိုးခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ယူဆပြီး အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။



Photo : Fútbol

 

ပွဲကစားချိန် (၈၃)မိနစ်မှာ ရီးရဲလ်လူငယ်အသင်းအတွက် ချေပဂိုးကို ဗင်နီရှပ်က ဖရီးကစ်ကနေ လှလှပပ ကန်သွင်းရယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း (၂)မိနစ်အကြာမှာတော့ ကွင်းလယ်ဒိုင်လူကြီးက ဗင်နီရှပ်ကို ပယ်နယ်တီဧရိယာအတွင်း ဒိုင်ဗင်ထိုးတယ်လို့ ယူဆခဲ့ကာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်သွားခဲ့ပါတယ်။

[No available link text] 

စပိန်ဘောလုံးဥပဒေအရ လူကြီးအသင်းမှာရော၊ လူငယ်အသင်းအတွက်ပါ ကစားပေးနေတဲ့ ကစားသမားဟာ အနီကတ်ပြသခံခဲ့ရတယ်ဆိုရင် နှစ်သင်းစလုံးအတွက် ပွဲပယ်ပြစ်ဒဏ်ကို ကျခံရမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒီအတွက်ကြောင့် နောက်တစ်ပတ်မှာ ကစားမယ့် ရီးရဲလ်နဲ့ ဘာစီလိုနာရဲ့ ပွဲကို ဗင်နီရှပ် လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။

Photo : Best World News

 

အသက် (၁၈)နှစ်အရွယ် တိုက်စစ်မှူး ဗင်နီရှပ်ဟာ ရီးရဲလ်က လီဗန်တေးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လူကြိးအသင်းပွဲစဉ်တစ်ချို့မှာ ဗင်နီရှပ်က လူစားလဲလှယ်ပါဝင်ကစားခွင့် ရနေခဲ့ပြီး စီအက်စ်ကေအေနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ဗင်နီရှပ် ပါဝင်ကစားခွင့် ရခဲ့ပါသေးတယ်။

Photo : AS

 

အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဗင်နီရှပ်ဟာ ဒေါသထွက်နေခဲ့ပြီး အိမ်ရှင်ဆဲလ်တာဗီဂိုအသင်း ပရိသတ်တွေဘက်ကိုလှည့်ကာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂျာစီကို ညွှန်ပြခဲ့ပြီးမှ ကွင်းထဲကနေ ထွက်ခွာခဲ့တယ်လို့လည်း ESPN က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က