AD
AD
AD

ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မိုချန်ဂလာဘက်အသင်းနဲ့ပွဲစဉ်မှာ ဟမ်းဘတ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဝုဖ်ဘတ်အသင်းက ကိုလုံးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဟမ်းဘတ်အသင်းဟာ တန်းဆင်းဇုန်ကနေ မလွတ်မြောက်ခဲ့ဘဲ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းခဲ့ရပါတယ်။

play

play

 

ဟမ်းဘတ်အသင်း တန်းဆင်းရပြီဖြစ်ကြောင်း အတည်ပြုချက်ရရှိခဲ့တဲ့အချိန်မှာ ပရိသတ်တွေဟာ မီးရှူးမီးပန်းတွေကို ကွင်းထဲကို စတင်ပစ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးဝန်ထမ်းတွေက ကွင်းအတွင်းမှာ လုံခြုံရေး ရယူခဲ့ရပါတယ်။ ပရိသတ်တွေဟာ ပွဲပြီးဆုံးခါနီးမှာ ပွဲကို နှောင့်နှေးအောင် ပြုလုပ်ခဲ့ကြပြီး ဟမ်းဘတ်အသင်းရဲ့ကစားသမားတွေနဲ့ နည်းပြတွေကို "ငါတို့ကသာ ဟမ်းဘတ်၊ မင်းတို့ကတော့ မဟုတ်ဘူး"လို့ ဒေါသတကြီးနဲ့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။

play

 

ဟမ်းဘတ်အသင်းဟာ တန်းမဆင်းရရေးအတွက် မိုချန်ဂလာဘက်အသင်းကို မဖြစ်မနေအနိုင်ရရှိဖို့လိုအပ်သလို ၂ မှတ်အသာနဲ့ တန်းဆင်းဇုန်အထက်မှာ ရပ်တည်နေတဲ့ ဝုဖ်ဘတ်အသင်းအနေနဲ့ ရှုံးနိမ့်မှသာ ဘွန်ဒက်စ်လီဂါမှာ တင်ကျန်နိုင်မှာဖြစ်ပါတယ်။ ဟမ်းဘတ်အသင်းဟာ မိုချန်ဂလာဘက်အသင်းကို အနိုင်ကစားနိုင်ခဲ့ပေမယ့် ဝုဖ်ဘတ်အသင်းက ကိုလုံးအသင်းကို အနိုင်ရရှိသွားတာကြောင့် အသင်းစတင်ဖွဲ့စည်းတည်ထောင်တဲ့ ၁၉၆၃ ခုနှစ်ကတည်းက ဘွန်ဒက်စ်လီဂါမှာ ရာသီတိုင်းကစားနိုင်တဲ့ တစ်ခုတည်းသောအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

play

 

ဟမ်းဘတ်အသင်းနဲ့ မိုချန်ဂလာဘက်အသင်းတို့ရဲ့ပွဲစဉ်ဟာ ပရိသတ်တွေရဲ့ နှောင့်ယှက်မှုကြောင့် ၁၀ မိနစ်ခန့် နှောင့်နှေးခဲ့ပြီး နောက်ဆုံးမှာတော့ ပြဿနာကင်းကင်းနဲ့ ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ဝုဖ်ဘတ်အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ တင်ကျန်ဖို့အတွက် နောက်ဆုံးအဆုံးအဖြတ်အနေနဲ့ ဘွန်ဒက်စ်လီဂါဒုတိယတန်းပြိုင်ပွဲမှာ အဆင့် ၃ နေရာမှာရပ်တည်နေတဲ့ ဟိုးလ်စတိမ်းကီးလ်အသင်းနဲ့ Play-off ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD