AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ လီဗာပူးအသင်းရဲ့ကြယ်ပွင့်ကစားသမား မိုဟာမက်ဆာလာကို လေးစားမှုရှိပေမယ့် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

play

 

မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပြီး လာမယ့်မေလ ၂၆ ရက်နေ့ညမှာ ရီးရဲမက်ဒရစ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မိုဟာမက်ဆာလာဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ပြောဆိုခြင်းခံနေရသူဖြစ်ပြီး ယခုရာသီမှာ ပြိုင်ပွဲစုံ ၄၃ ဂိုးအထိ သွင်းယူထားတဲ့ကစားသမားဖြစ်ပါတယ်။

play

 

ဒါပေမယ့် ဆာဂျီယိုရာမို့စ်က မိုဟာမက်ဆာလာဟာ ကစားသမား ၁၁ ယောက်ထဲက တစ်ဦးသာဖြစ်ပြီး ကြောက်ရွံ့နေစရာအကြောင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီရာသီမှာ ဆာလာ ဘာလုပ်နိုင်လဲဆိုတာ တွေ့ခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာတော့ သူက ကစားသမား ၁၁ ယောက်ထဲက ၁ ယောက်လောက်ပါပဲ"

"ကျွန်တော့် ကစားသမားဘဝတစ်လျှောက်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမားတွေနဲ့ ရင်ဆိုင်တွေ့ခဲ့ဖူးပါတယ်။ သူတို့တွေထဲက တော်တော်များများဟာ အကောင်းဆုံးကစားသမားတွေအဖြစ် ယူဆခြင်းခံထားရသူတွေချည်းပါပဲ"

"အဲဒါကြောင့် ကျွန်တော့်အတွက်ကတော့ ဘယ်တော့မှ ကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ လေးစားမှုတော့ ရှိပါတယ်။ ဒါပေမယ့် ကြောက်ရွံ့မှုတော့ လုံးဝမရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD