AD
AD
AD

ဂျူဗင်တပ်စ်အသင်းက ထွက်ခွာနိုင်ချေရှိတယ်လို့ သတင်းများထွက်ပေါ်နေခဲ့တဲ့ နောက်ခံလူ ရူဂါနီ နဲ့ ကွင်းလယ်လူ ပီယာနစ်တို့ဟာ အမေရိကကို ရာသီကြိုခြေစမ်းပွဲ ကစားမယ့် ဂျူဗင်တပ်စ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အသစ်ဝယ်ယူထားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ပါဝင်သွားခြင်းမရှိဘူးလို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

play
Photo : AS

 

ယူရို ၁၁၂သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခဲ့တဲ့အတွက် ဂျူဗင်တပ်စ်အသင်းက အနားပေးထားခဲ့တာကြောင့် ရော်နယ်ဒိုဟာ စီးရီးအေအဖွင့်ပွဲမှသာ အသင်းသစ်နဲ့ ပါဝင်ကစားဖွယ် ရှိနေခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ပေါင်းဖက်မှုကို ပရိသတ်များ မြင်တွေ့ခွင့်ရဦးမှာ မဟုတ်သေးတာလည်း ဖြစ်ပါတယ်။

 

ချယ်လ်ဆီးအသင်းက လေးလေးနက်နက် ချိတ်ဆက်နေတဲ့ နောက်ခံလူ ရူဂါနီကတော့ အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ ရူဂါနီကို ချယ်လ်ဆီး ယူရိုသန်း ၅၀နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။ အမေရိကကို ထွက်ခွာသွားမယ့် ခရီးစဉ်မှာ ကွင်းလယ်လူ ပီယာနစ်လည်း ပါဝင်ခဲ့ပြီး ပီယာနစ်ကိုတော့ ဘာစီလိုနာ၊ မန်စီးတီး နဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play
Photo : AS

 

အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်တဲ့ အမ်မရီကန်၊ ကန်ဆယ်လိုတို့လည်း လူစာရင်းမှာ ပါဝင်ခဲ့ပြီး အာဂျင်တီးနားတိုက်စစ်အတွဲဖြစ်တဲ့ ဟီဂူအင် နဲ့ ဒီဘာလာတို့ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၀င်ရောက်ကစားခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ မာတွီဒီ နဲ့ ခရိုအေးရှားကစားသမားတွေဖြစ်တဲ့ မန်ဇူကစ် နဲ့ ပီဂျာကာတို့လည်း အသင်းလူစာရင်းမှာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

play
Photo : Goal

 

ဂျူဗင်တပ်စ်အသင်းဟာ ICC ဖလားပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ကြာသာပတေးနေ့မှာ ကစားရမှာဖြစ်ပြီး အဲဒီနောက်မှာ ဘင်ဖီကာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူးအသစ် ရော်နယ်ဒိုဟာ အသင်းဟောင်းနဲ့ စောစောစီးစီး ပြန်လည်ရင်ဆိုင်ရမယ့် အခြေအနေကို လွဲချော်ခဲ့ရပြီး ပရိသတ်များအနေနဲ့လည်း သူ့ရဲ့ ခြေစွမ်းကို မြင်တွေ့ခွင့် ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD