AD
AD
AD

ဒီနေ့ နံနက်ပိုင်းမှာ ကစားခဲ့ကြတဲ့ ICC ဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ် အသင်း (၂)သင်းဖြစ်တဲ့ မန်စိးတီး နဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ခဲ့ကြရမှာ လီဗာပူးလ်က နောက်ကျပယ်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မိနစ် (၉၀)မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ဆာဒီယိုမာနေးက ကန်သွင်း ယူခဲ့ပြီး လီဗာပူးလ်အတွက် နိုင်ပွဲရယူပေးခဲ့တာ ဖြစ်ပါတယ်။

play
Photo : Liverpoolecho

 

မန်စီးတီးအသင်းဟာ လူငယ်ကစားသမားတွေနဲ့ အသစ်ခေါ်ယူထားတဲ့ မာရက်ဇ်တို့ကိုသာ ပွဲထုတ်ခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဇင်ချန်ကို၊ ဖိုဒန်တို့ ပါဝင်ခဲ့ပြီး ဂိုးသမားအဖြစ် ဘရာဗိုက တာဝန်ယူခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ဂိုးသမားအဖြစ် ကာရီးယပ်စ်ကိုပဲ ပွဲထုတ်ခဲ့ပြီး ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ၀ိုင်နယ်ဒမ်၊ မီလ်နာတို့ ပါဝင်ခဲ့ပြီး အရန်ကစားသမားအချို့နဲ့ အသစ်ခေါ်ယူထားတဲ့ ဖာဘင်ဟိုတို့ ပါဝင်ခဲ့ပါတယ်။

 

မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းမှာ လူစားလဲပါဝင်လာတဲ့ ဆာနေးက ပွဲချိန် (၅၇) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ လူငယ်ကစားသမား အများစု ပါဝင်ခဲ့တာကြောင့် မန်စီးတီးရဲ့ ကစားပုံက သိပ်အားရဖို့ မကောင်းပဲ လူငယ်လေးတွေရဲ့ ကြိုးစားမှုကိုတော့ မြင်တွေ့ခဲ့ရပါတယ်။

play
Photo : Liverpoolecho

 

ဒုတိယပိုင်းမှာ လီဗာပူးလ်က အဓိကကစားသမားတွေကို လူစားလဲလှယ်ခဲ့တာကြောင့် ခြေစွမ်းပိုင်း အနည်းငယ် အသာစီးရရှိခဲ့ပြီး မန်စီးတီးကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဆာလာ နဲ့ မာနေးတို့ ၀င်ရောက်လာပြီးမှာ လီဗာပူးလ်တိုက်စစ်က ပိုမိုအလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် (၆၃)မိနစ်မှာ ဆာလာက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

play
Photo : Liverpoolecho

 

တစ်ဖက်တစ်ဂိုးစီနဲ့ သရေဖြစ်တော့မယ်လို့ ထင်နေရတုန်းမှာပဲ မိနစ် (၉၀)မှာ လီဗာပူးလ်တို့ ပယ်နယ်တီ ရရှိခဲ့ပြီး မာနေးက အပိုင်ကန်သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်တို့ ICC ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ အမေရိကမြေမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း (၂)သင်း တွေ့ဆုံခဲ့ကြပြီးမှာ လီဗာပူးလ်က အသာစီးရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD