AD
AD
AD

ဘာစီလိုနာအသင်းကို ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းရဲ့ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

play

 

ကော်တင်ဟိုဟာ တနင်္လာနေ့မနက် ၈ နာရီမှာ ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ညနေပိုင်းမှာ ရွေးချယ်ဖိတ်ကြားထားတဲ့ မီဒီယာတွေရဲ့ရှေ့မှာ ဘာစီလိုနာဂျာစီကို ဝတ်ဆင်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ ကော်တင်ဟိုက သတင်းမီဒီယာတွေကို ဘာစီလိုနာအသင်းနဲ့လက်တွဲခွင့်ရခဲ့တာ ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော် အရမ်းပျော်နေတယ်။ အရမ်းပျော်တယ်"

"ဒါက ကျွန်တော်အသက်ရှင်နေရအကြောင်းအရင်းလို့ ပြောရမယ့် ကျွန်တော့်အိပ်မက်တစ်ခုပါ။ အခု ဒီကိုလာရောက်ခွင့်ရတာ အရမ်းကိုပျော်ရွှင်မိပါတယ်"

"ဆုဖလားတွေ ရယူနိုင်ဖို့၊ ပရိသတ်တွေကို ပျော်ရွှင်စေဖို့အတွက် အမြဲတမ်း စိတ်ပျော်ရွှင်စွာနဲ့ ကစားသွားမှာပါ"

"သမိုင်းကြောင်းတွေ အများကြီးရေးထိုးထားတဲ့ ကျွန်တော့်ရဲ့စံပြကစားသမားတွေနဲ့အတူ ရှိနေရမယ်ဆိုတာသိလိုက်ရတာ တကယ့်ကို မယုံနိုင်စရာပါပဲ"

play

 

"မက်ဆီ၊ ဆွာရက်ဇ်၊ အင်နီယေစတာ၊ ပီကေး၊ ဘတ်စ်ကွက်တို့လို ကစားသမားမျိုးတွေနဲ့ပေါ့"

"သူတို့နဲ့အတူရှိနေခွင့်ရတာ အရမ်းပျော်ရွှင်မိပါတယ်။ သူတို့ဆီက လေ့လာသင်ယူပြီး ဆုဖလားတွေ အတူတူ ရယူသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD