AD
AD
AD

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Don Balon ရဲ့ရေးသားချက်အရ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ ယနေ့ညမှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ဘာစီလိုနာအသင်းဖော်ဟောင်း နေမာထံကို ကံကောင်းပါစေဆိုတဲ့ စကားလက်ဆောင်ပါးခဲ့တယ်လို့ သိရပါတယ်။

play

 

မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ဟာ ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ခရစ်စတီယာနိုရော်နယ်ဒို ပြောင်းရွှေ့လာကတည်းက လာလီဂါမှာ ပြိုင်ဘက်ကစားသမားတွေဖြစ်ခဲ့ကြတဲ့ ကစားသမား ၂ ဦးဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာတော့ အနီးကပ်ဆုံး ပြိုင်ဘက်အဖြစ် ပေါ်ထွက်လာတဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာကို ဂုဏ်သိက္ခာကြီးမားတဲ့ ဘလွန်းဒီအော်ဆုကြီးကို မျှဝေပေးရဖို့ နီးကပ်လာနေပြီဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ပီအက်စ်ဂျီအသင်းကို အနိုင်ယူပြီး ယခုနှစ် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

play

 

လီယွန်နယ်မက်ဆီဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်ဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ အဆုံးသတ်ချိန်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြောင်း Don Balon သတင်းဌာနက အတည်ပြုခဲ့ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ကစားသမားဖြစ်ပြီး ယနေ့ည ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ အခွင့်ကောင်းရယူရမယ့်အချိန် ဖြစ်ပါတယ်။

play

 

နေမာဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားခဲ့ပေမယ့် မက်ဆီနဲ့ နေမာတို့ဟာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၎င်းတို့နှစ်ဦးဟာ လာမယ့်မေလမှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ တွေ့ဆုံကြမယ်လို့ တစ်ဦးနဲ့တစ်ဦး ကတိပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ယနေ့ညမှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် နေမာကို အားပေးထောက်ခံသူဟာ မက်ဆီတစ်ဦးတည်းမဟုတ်ဘဲ ဘာစီလိုနာအသင်းဖော်ဟောင်းအားလုံးက နေမာ့ကို အားပေးထောက်ခံနေတာဖြစ်ပါတယ်။

Source & Photos: Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD