AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက် ၁ နာရီ ၁၅ မိနစ်)မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် မာဆေးလ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ လိုင်ယွန်အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

မာဆေးလ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၂၀၀၈-၂၀၀၉ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပထမအကျော့မှာ မာဆေးလ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့မှာတော့ မာဆေးလ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ရလဒ်ပိုင်းအရကြည့်ရမယ်ဆိုရင် မာဆေးလ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ခြေစွမ်းချင်း ကွာဟခြင်းမရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

မာဆေးလ်- မန်ဒန်ဒါ၊ ဆား၊ ရာမီ၊ လူးဝဇ်ဂတ်စတာဗို၊ အမာဗီ၊ ဆန်ဆွန်၊ လိုပက်ဇ်၊ သူဗင်၊ ပါရက်၊ အိုကမ်းပို့စ်၊ ဂျာမိန်း။

play

 

အက်သလက်တီကိုမက်ဒရစ်- အော့ဘလက်၊ ဗာဆယ်ဂ်ျကို၊ ဆားဗစ်၊ ဂိုဒင်၊ လူးကပ်စ်၊ ကိုကီ၊ ဆာအူးလ်၊ ဂါဘီ၊ ကော်ရီရာ၊ ဂရစ်ဇ်မန်း၊ ဒီယေဂိုကော်စတာ။

 

ထူးခြားချက်များ

play

 

ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် လိုင်ယွန်အသင်းရဲ့အိမ်ကွင်းကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မာဆေးလ်အသင်းဟာ ယင်းအချိန်ကနေ ယနေ့အချိန်အထိ ၃ ကြိမ် ကစားခဲ့ရာမှာ တစ်ပွဲမှ အနိုင်မရရှိခဲ့ဘဲ ၂ ပွဲရှုံး၊ ၁ ပွဲသရေရလဒ်သာ ပိုင်ဆိုင်ထားပါတယ်။ မာဆေးလ်အသင်းရဲ့ကွင်းလယ်ကစားသမား ဒီမီထရီပါရက်ဟာ ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားပြီး ကျန်တဲ့ကစားသမားတွေအားလုံးထက် ပိုမိုပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ယနေ့ည ယှဉ်ပြိုင်ကစားရမယ့် ဗိုလ်လုပွဲစဉ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂၀၁၁ ခုနှစ်မှာ စတင်ကိုင်တွယ်တဲ့ ဒီယေဂိုဆီမြွန်နီအတွက် လေးကြိမ်မြောက် ဥရောပဗိုလ်လုပွဲစဉ်ဖြစ်ပါတယ်။ ဒီယေဂိုဆီမြွန်နီဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ၂၀၁၁-၂၀၁၂ ဘောလုံးရာသီကသာ အနိုင်ရရှိခဲ့ဖူးပါတယ်။ မာဆေးလ်အသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် ယူရိုပါလိဂ် ဗိုလ်လုပွဲ ၃ ကြိမ်မြောက် နိုင်ပွဲအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပြီး ပထမဆုံးနိုင်ပွဲအဖြစ် ၁၉၉၈ ခုနှစ်က ပါးမားအသင်းကို အနိုင်ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ဗလင်စီယာအသင်းကို ဒုတိယအကြိမ်အဖြစ် အနိုင်ရရှိပြီး ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ယနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး အနိုင်ရရှိခဲ့မယ်ဆိုရင် ယူရိုပါလိဂ်ဖလားကို ၃ ကြိမ်မြောက်ရရှိမှာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့နည်းပြ ဒီယေဂိုဆီမြွန်နီဟာ ယနေ့ညပွဲစဉ်မှာ ပွဲကြီးကြပ်ခွင့်ပိတ်ခံထားရတာကြောင့် လက်ထောက်နည်းပြ ဘားဂို့စ်က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ မာဆေးလ်အသင်းဟာ လိုင်ယွန်အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားရမှာဆိုပေမယ့် ပြင်သစ်မြေမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းက ရှုံးကြွေးကိုဆပ်ပြီး တတိယမြောက်ယူရိုပါလိဂ်ဖလားကို ရယူသွားမလား၊ အက်သလက်တီကိုမက်ဒရစ်အသင်းကပဲ မာဆေးလ်နဲ့တွေ့ဆုံတိုင်း ရလဒ်ကောင်းလေ့ရှိတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး ယူရိုပါလိဂ်ကို ၃ ကြိမ်မြောက် ရယူသွားမလားဆိုတာကတော့...

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD