AD
AD
AD

ယနေ့နံနက် နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက သတင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

play

 

- Diario Gol ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ရီးရဲတိုက်စစ်မှူး ဘန်ဇီးမားကို ယူရို သန်း (၄၀) နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ရီးရဲလ်ကတော့ ယူရိုသန်း (၈၀)အထိ အလိုရှိနေတယ်လို့လည်း သိရပါတယ်။

play

 

- မန်ယူအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ဂိုးသမား တာစတီဂန်ကို ခေါ်ယူဖို့အတွက် ယူရို သန်း ၁၈၀အထိ ပေးချေသွားဖို့ အသင့်ရှိနေတယ်လို့ Don Balon က ဖော်ပြခဲ့ပါတယ်။ ဒီဂီယာအနေနဲ့ ရီးရဲကို ပြောင်းရွှေ့ခဲ့ရင် အစားထိုးနိုင်အောင် မန်ယူအသင်းက အသင့်အနေအထားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

play

 

- အာဆင်နယ်အသင်းရဲ့ ဂန္ထ၀င်ကစားသမားကြီး ဗီအဲရာဟာ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြရာထူးကို ဆက်ခံဖို့အတွက် ရေပန်းစားနေကြောင်း Daily Mail ကဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ၀င်းဂါးအနေနဲ့ ယူရိုပါလိဂ်ဖလားမရရှိခဲ့မှသာ အသင်းက ထုတ်ပယ်ခံရဖွယ်ရှိ နေတာကြောင့် ဗီအဲရာရဲ့ အာဆင်နယ်အသင်းကို တကျော့ပြန်ဖို့ အခွင့်အရေးဟာ လိပ်ခဲတည်းလည်းအခြေအနေမှာ ရှိနေပါတယ်။

play

 

- ပီအက်စ်ဂျီအသင်းရဲ့ ဘယ်နောက်ခံလူ ကာဇာဝါကို ခေါ်ယူဖို့အတွက် မန်ယူ၊ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြောင်း RMC ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် (၂၅)နှစ်အရွယ် နောက်ခံလူဟာ ပြင်သစ်ကလပ်နဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ် သက်တမ်း ကျန်ရှိနေသးတယ်လို့လည်း သိရပါတယ်။

play

 

- ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ၀ုလ်အသင်းဟာ အာဆင်နယ်အသင်းမှ ကွင်းလယ်လူ ၀ီရှီးယားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ၀ုလ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်လက်တင်ကျန်နေရေးအတွက် ကစားသမားကောင်း တွေကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD