AD
AD
AD

လီဘရွန်ဂျိမ်းစ်မှာ အကူအညီလိုအပ်နေရင် သူ ကူညီပေးနိုင်တယ်လို့ ဘောလုံးအကျော်အမော်ကြီး ဇလာတန် အီဘရာဟီမိုဗစ်ခ်ျက ၀င့်ကြွားပြောဆိုမှု ပြုလုပ်လိုက်ပါတယ်။ NBA ဘတ်စကတ်ဘောအသင်း LA Lakers ရဲ့ ကစားသမားဖြစ်သူ လီဘရွန်ဂျိမ်းစ်ကတော့ ကမ္ဘာ့အကျော်အမော် ဘတ်စကတ်ဘောသမားလည်း ဖြစ်ပါတယ်။

play
Photo : The Time

 

မန်ချက်စတာယူနိုက်တက်ကနေ မေဂျာလိဂ်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် မိုဗစ်ခ်ျဟာ မေဂျာလိဂ် ပွဲ (၁၅)ပွဲမှာ (၁၂)ဂိုးအထိ သွင်းယူခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မိုဗစ်ခ်ျက သူသာ အမေရိကန်ကို (၁၀)နှစ်စောပြီး ရောက်ခဲ့မယ်ဆိုရင် သမ္မတတစ်ယောက်တောင်ဖြစ်နေပြီလို့ အရွှန်းဖောက် ပြောဆိုခဲ့ပါသေးတယ်။

play
Photo : Eurosport

 

"ကျွန်တော် လီဘရွန်ဂျိမ်းစ်နဲ့လည်း တွဲဖက်ကစားနိုင်ပါတယ်၊ ဘာပြသနာမှ မရှိပါဘူး၊ တကယ်လို့ သူ အကူအညီလိုအပ်နေရင် ကျွန်တော် ကူညီပေးနိုင်ပါတယ်၊ သူက အံ့အားသင့်စရာ အားကစားသမားတစ်ယောက်ပါ၊ သူ ဘောလုံးအားကစားကို စိတ်ဝင်စားလားတော့ ကျွန်တော် မသိပါဘူး၊ ဘောလုံးအားကစားက ဘတ်စကတ်ဘောထက် ပိုမိုကြီးမားကျယ်ပြန့်ပါတယ်"

play
Photo : SoccerTopNews

 

LA Lakers အသင်းကတော့ လော့အိန်ဂျလိဂ်စ်မှာ လူကြိုက်များ ရေပန်းစားတဲ့ NBA အသင်းတစ်သင်းဖြစ်ပါတယ်။ လီဘရွန်ဂျိမ်းစ်ဟာလည်း အသင်းရဲ့ အရေးပါဆုံး ကစားသမားတစ်ယောက်ဖြစ်ပြီး ပွဲစဉ်တိုင်းမှာ ရမှတ်အများအပြား ရရှိအောင် စွမ်းဆောင်ပေးနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် လီဘရွန်ဂျိမ်းစ်ဟာ လီဗာပူးလ်အသင်းမှာ ရှယ်ယာအနည်းငယ် ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

play
Photo : Body Art Guru

"ကျွန်တော် သိပါတယ်၊ ဒါပေမယ့် သူ ရွေးချယ်ထားတဲ့ အသင်းက မှားယွင်းနေပါတယ်" လို့ မိုဗစ်ခ်ျက လီဘရွန်ဂျိမ်းစ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အပေါ်မှာ ဝေဖန်သုံးသပ်ခဲ့ပါသေးတယ်။ မိုဗစ်ခ်ျဟာ အားကစားနည်းအများအပြားကို စိတ်ပါဝင်စားစွာ ကစားတတ်သူ ဖြစ်ပြီး ကိုယ်တိုင်လည်း ကရာတေးကို အဆင့်မြင့်မြင့်တတ်မြောက်ထားသူ ဖြစ်ပါတယ်။ အရပ်အမြင့် ၆ပေ၅လက်မရှိပြီး လီဘရွန်ဂျိမ်းစ်ကတော့ ၆ပေ နဲ့၈လက်မ မြင့်မားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD