AD
AD
AD

လီဂူးဝမ်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

play

 

လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းဟာ နေမာကို ခေါ်ယူဖို့ဆန္ဒပြင်းပြနေပြီး အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ဖွယ်ရှိတဲ့ အရာမှန်သမျှ လုပ်ဆောင်ပြီး ခေါ်ယူသွားဖို့ အဆင်သင့်ပြင်ဆင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ရီးရဲမက်ဒရစ်အသင်းနဲ့အပြိုင် နေမာကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းမှာ နေမာ ရရှိနေတဲ့ တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၃၀ အတိုင်း ပေးချေသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

play

 

ပဲရစ်မြို့မှာ တနင်္ဂနွေနေ့ ညနေက ကျင်းပခဲ့တဲ့ ဆုပေးအပ်ချီးမြှင့်ပွဲမှာ လီဂူးဝမ်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့နေမာကို ပွဲအပြီးမှာ သတင်းထောက်တွေက နေမာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားဖို့ကို ငြင်းဆန်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ နေမာအနေနဲ့ အပြောင်းအရွှေ့အတွက် စဉ်းစားဖွယ်ရှိနေပါတယ်။

play

 

"အပြောင်းအရွှေ့ဈေးကွက်ချိန်ရောက်တိုင်း ဒီလိုပါပဲ။ တခြားဟာတွေလည်း အများကြီးရှိပါသေးတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အခုအချိန်မှာ ဘာမှမပြောချင်ပါဘူး"

"ကျွန်တော် ဒီကိုဘာလာလုပ်တာလဲဆိုတာ အားလုံးလည်း သိကြပါတယ်။ ကျွန်တော့်မှာ ရည်မှန်းချက်ရှိတယ်။ အခု ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ ကမ္ဘာ့ဖလားပါ။ အပြောင်းအရွှေ့အကြောင်း ပြောနေဖို့မဟုတ်ပါဘူး"

"အဲဒါ အခု တော်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်"လို့ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD