ဥရောပပြိုင်ပွဲက ရတဲ့ ဝင်ငွေအချို့ကို ခွဲဝေပေးသွားမှာပါ။

နယ်သာလန်ကလပ်အသင်းတွေဖြစ်ကြတဲ့ အေဂျက်ဇ်၊ PSV နဲ့ ဖီယင်နော့ဒ်အသင်းတို့ဟာ ဥရောပပြိုင်ပွဲတွေကနေ ရရှိမယ့် သူတို့ရဲ့ ဝင်ငွေ ၁၀%ရာနှုန်းကို နယ်သာလန်လိဂ်က အခြားကလပ်အသင်းတွေကို ပေးအပ်သွားဖို့ သဘောတူညီလိုက်ပါတယ်။ လိဂ်အဆင့်အတန်း တိုးတက်လာဖို့အတွက် ဒီကလပ်သုံးသင်းက တစ်ဖက်တစ်လမ်းက ကူညီလိုက်တာ ဖြစ်ပါတယ်။

Photo : Sportbible

 

အေဂျက်ဇ် နဲ့ PSV အသင်းတို့ဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့် ရရှိထားတာ ဖြစ်ပြီး အေဂျက်ဇ်အသင်းဆိုရင် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ တစ်ဂိုးစီ သရေရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် အေဂျက်ဇ် နဲ့ PSV တို့ဟာ ဆုကြေးငွေ ပေါင်သန်း (၂၀)စီ ရရှိကြမှာ ဖြစ်ပါတယ်။

ပေါင် (၈.၇)သန်း တန်ကြေးရှိခဲ့တဲ့ မာရှယ်ရဲ့ သွင်းဂိုး 

Photo : TheWorldNews.net

 

ဟော်လန်လိဂ်ရဲ့ အသင်းကြီး (၃)သင်းဟာ တစ်သင်းချင်းစီရဲ့ ဝင်ငွေ (၁၀) ရာခိုင်နှုန်းကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါဟာ ဥရောပရဲ့ လိဂ်အဆင့်အတန်းမှာ နောက်ကျကျန်ရစ်ခဲ့တဲ့ နယ်သာလန်လိဂ် ပြန်လည်ဦးမော့လာစေဖို့ ကြိုးပမ်းပေးခဲ့တာဖြစ်ပါတယ်။ ဟော်လန်အသင်း ဟာလည်း ပြီးခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲကြီး (၂)ခုမှာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo : CBS Sports

 

ဒီအခြေအနေကို ပြန်လည်ကုစားဖို့အတွက် ဒေသတွင်းလိဂ်အဆင့်အတန်း မြင့်မားမှ ဖြစ်မယ်ဆိုတဲ့ အသိအမြင်ကို အခြေခံပြီး အသင်းကြီး (၃)သင်းက ပူးပေါင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖီယင်နော့ဒ်ကတော့ ယူရိုပါလိဂ် တတိယအဆင့် ခြေစစ်ပွဲမှာ ကျန်ရစ်ခဲ့တာကြောင့် ဝင်ငွေ နည်းပါးမှာ ဖြစ်ပေမယ့်လည်း တခြားအသင်းများနည်းတူ (၁၀)% ပေးသွားမှာ ဖြစ်ပါတယ်။

Photo : Dutch News

 

နယ်သာလန်ကလပ် အသင်းကြီးတွေရဲ့ အပြုအမူကတော့ ချီးကျူးချင်စရာပါပဲ။ လူမှုကွန်ယက်ပေါ်မှာလည်း ဒီလုပ်ရပ်အပေါ် ချီးကျူးခဲ့ကြပြီး အေဂျက်ဇ် နဲ့ PSV အသင်းတို့ကို ချန်ပီယံလိဂ်မှာ အောင်မြင်စေဖို့ ပရိသတ်တွေက ဆုတောင်းပေးခဲ့ကြပါတယ်။

Share

Loading Next Article...
က္က