AD
AD
AD
play

 

ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို ၁၉၇၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ယင်းအချိန်မှာ ရီးရဲမက်ဒရစ်အသင်းဟာ ဥရောပဖလားကို ၆ ကြိမ်အထိ ဆွတ်ခူးထားပြီးဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်ကနေ နောက်ထပ် ၄၈ နှစ်အကြာမှာတော့ ကာတာနိုင်ငံသားပိုင်ရှင်ရဲ့ တောင့်တင်းတဲ့ ငွေကြေးဓနနဲ့ပေါင်းစပ်ပြီး ဥရောပထိပ်သီးအသင်းကြီးတွေကို စိန်ခေါ်နိုင်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

play

 

ရေနံသူဌေး နက်ဆာအယ်ခါလီဖီရဲ့ငွေကြေးသုံးစွဲမှုကြောင့် အင်အားကြီးမားလာတဲ့ ပီအက်စ်ဂျီအသင်းဟာ ၂၀၁၇-၂၀၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူကြိုက်အများဆုံးအသင်းထဲမှာ တစ်သင်းအဖြစ် ပါဝင်လာခဲ့ပြီး တန်ဖိုးအကြီးဆုံးကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းဆိုတဲ့အချက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ၁၆ သင်းရှုံးထွက်အဆင့်မှာ ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့အချက်တစ်ချက်အဖြစ် ရှိနေတာဖြစ်ပါတယ်။

play

 

ပီအက်စ်ဂျီအသင်းလိုမျိုး နောက်ထပ် ဥရောပဘောလုံးလောကကို ဒီရေတိုးသလို တိုးတက်ဝင်ရောက်လာတဲ့အသင်းတစ်သင်းကတော့ ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းပဲ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ခေတ်မီချမ်းသာကြွယ်ဝတဲ့အသင်းတစ်သင်းအဖြစ် ရပ်တည်နေပြီး သမိုင်းအစဉ်အလာကြီးမားတဲ့ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမြင့်ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။

 

ရီးရဲမက်ဒရစ်အသင်းရဲ့ဥရောပအစဉ်အလာကြီးမားမှု

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ဥရောပဖလားများစွာကို ရုပ်သံအဖြူအမည်းခေတ်ကတည်းက များစွာ ရယူနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ရောင်စုံရုပ်မြင်သံကြားခေတ်ဖြစ်တဲ့ ၁၉၆၆ ခုနှစ်မတိုင်မီကတည်းက ၆ ကြိမ်အထိ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာလည်း နောက်ထပ် ၆ ကြိမ်ထက်ပိုတဲ့ အရေအတွက်ကို ရယူထားနိုင်တဲ့အသင်းလည်း ဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူးကြီး အယ်ဖရက်ဒိုဒီစတီဖာနိုရဲ့ ရွှေခေတ်ကုန်ဆုံးပြီးနောက် ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းနောက်ပိုင်း လေးနှစ်အတွင်း ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်ဆက်တိုက် ရယူထားနိုင်တာဟာ ၁၉၉၈ နောက်ပိုင်း ခေတ်သစ်မှာ မကြုံစဖူးရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက လက်ရှိရာသီ လာလီဂါပြိုင်ပွဲမှာ ရီးရဲမက်ဒရစ်အသင်းရဲ့ဆိုးရွားတဲ့ပုံစံဟာ ဥရောပဖလားပြိုင်ပွဲမှာ ရိုက်ခတ်မှုရှိနိုင်တယ်လို့ ယူဆနေကြတာဟာ ရီးရဲမက်ဒရစ်အသင်းကို အထင်သေးလွန်းရာကျနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းအတွက် ကံကောင်းတဲ့အချက်တစ်ချက်ကတော့ ၄-၃-၃ ကစားကွက်ကို အသုံးပြုပြီး BBC တိုက်စစ်တွဲကို ယုံကြည်ချက်အပြည့်နဲ့ဦးဆောင်နိုင်တဲ့ ယခုရာသီနဲ့ တစ်သက်တာ ချန်ပီယံလိဂ်ထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒို ရှိနေသေးတာ ဖြစ်ပါတယ်။

 

နေမာရဲ့ခြေစွမ်းအဆင့်အတန်း

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့အခြားကွင်းတစ်ဖက်မှာတော့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ကိုယ်ပွားဖြစ်နိုင်ဖို့ အိပ်မက်မက်နေတဲ့၊ ခရစ်စတီယာနို ရော်နယ်ဒိုကို ကျော်တက်ဖို့ ကြိုးစားနေတဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူး နေမာ ရှိနေပါတယ်။

play

ဘောလုံးသမိုင်းတစ်လျှောက်မှာ တန်ဖိုးအမြင့်ဆုံးကစားသမားဖြစ်တဲ့နေမာဟာ မက်ဆီရဲ့လောင်းရိပ်အောက်ကနေ လွတ်မြောက်အောင် ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ခေါင်းဆောင်နေရာကို ရယူထားပြီး အကောင်းဆုံးပုံစံနဲ့ ပွဲစဉ်တိုင်းမှာ ကစားပြနိုင်နေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ပီအက်စ်ဂျီအသင်း တစ်သင်းလုံးရဲ့တာဝန်ဟာ နေမာရဲ့ပုခုံးပေါ်ကျရောက်လာပေမယ့် ယင်းတာဝန်ကို နေမာက ကျေကျေနပ်နပ်နဲ့ လိုချင်နေတဲ့ ကစားသမား ဖြစ်ပါတယ်။

play

 

ဥရောပချန်ပီယံလိဂ်ဖလားလက်ရှိချန်ပီယံ ရီးရဲမက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကတော့ ကြာသပတေးနေ့ နံနက် ၂ နာရီ ၂၅ မိနစ်မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ချစ်ကြည်ရေးပွဲစဉ်မှအပ အခြားပြိုင်ပွဲစုံမှာ ၃ ကြိမ်တွေ့ဆုံထားပြီး နိုင်ပွဲ ၁ ပွဲစီနဲ့ သရေရလဒ် တစ်ပွဲရှိထားတာကြောင့် တစ်ဖက်နဲ့တစ်ဖက် မည်သူမှ အသာစီးရယူထားခြင်းမရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်။

Source & Photos: Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD