AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် နံနက်)မှာ ယှဉ်ပြိုင်ကစားမယ့် ရီးရဲအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်အတွက် ပီအက်ဂျီ အသင်းသားတွေဟာ လေကြောင်းလိုင်းနဲ့ မက်ဒရစ်မြို့ကို ရောက်ရှိပြီးဖြစ်ပါတယ်။

play

 

ဒါပေမယ့် ပီအက်ဂျီအသင်းအနေနဲ့ ၎င်းတို့ရဲ့ အသင်းပိုင် ကိုယ်ပိုင် ဘတ်စ်ကားကိုလည်း မက်ဒရစ်မြို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက မက်ဒရစ်မြို့ကို ရောက်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

play

 

အခုလို ဘတ်စ်ကားကို ယူဆောင်လာရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကိုတော့ -" ကျွန်တော်တို့အသင်းဟာ ဥရောပရဲ့ ထိပ်တန်းအသင်းကြီး စာရင်း မှာပါတဲ့ တစ်သင်းပါ။အသင်းပိုင်ဘတ်စ်ကားကို အသုံးပြုစေခြင်းဖြင့် ပိုမို သက်တောင့်သက်သာရှိစေခြင်းအပြင် လုံခြုံရေး စနစ်တွေလည်း ပိုမို တပ်ဆင်ထားတာကြောင့် ယခုလို ကိုယ်ပိုင်ဘတ်စ်ကားကိုပဲ အသုံးပြုစေခဲ့တာ ဖြစ်ပါတယ်။" လို့ ပီအက်ဂျီအသင်းက ထုတ်ပြန်ထားပါတယ်။

ပီအက်ဂျီအသင်းအနေနဲ့ ကီလိုမီတာ ၂၆၀၀ ကျော်ကွာဝေးတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို အသင်းပိုင် ဘတ်စ်ကားစေ လွှတ်ပြီး အသင်းသားများ ပိုမို သက်တောင့်သက်သာ ဖြစ်စေရေးကို ရည်ရွယ်ပြီး စေလွှတ်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဖလားဟာ ပီအက်ဂျီ အသင်းအတွက် ဘယ်လောက်အထိ အရေးပါနေလဲဆိုတ မြင်မိစေပါတယ်။

ပီအက်ဂျီအသင်းအနေနဲ့ ယခုလို ချန်ပီယံလိဂ်ပွဲစဉ်တွေကို အဝေးကွင်းသွားရောက်ကစားတဲ့ အချို့သော ပွဲစဉ်တွေမှာလည်းကိုယ်ပိုင် ဘတ်စ်ကားကိုသာ အ သုံးပြုခဲ့ကြောင်းနှင့်  ဆဲလ်တစ်၊အန်ဒါလက်ခ်ျနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်တွေမှာလည်း အသင်းပိုင် ဘတ်စ်ကားကို စေလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Source- ESPNFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD