၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုပြီးနောက် တစ်ကမ္ဘာလုံး VAR စနစ်ကို သိရှိခဲ့ကြပြီးနောက် အခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ပထမဆုံး အကြိမ် အသုံးပြုနိုင်ဖို့ လာမယ့် စက်တင်ဘာလအကုန်မှာ ဥရောပလိဂ်ကော်မတီက ဆုံးဖြတ်ပေးမယ်လို့သိရပါတယ်။
Photo - es.rfi.fr
ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ ဗီဒီယိုစောင့်ကြည့်စနစ်(VAR)ကို ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အသုံးပြု ဖို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်က စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
ဒယ်လီအလီ ရဲ့ နောက်ထပ် စိန်ခေါ်မှုကို ဘယ်သူတွေ လိုက်လုပ်နိုင်ဦးမလဲ?
အသုံးပြုခဲ့မယ်ဆိုရင်တော့ အုပ်စုပွဲစဉ်တွေနဲ့ ၁၆ သင်းအဆင့် ပွဲစဉ်တွေကိုတော့ အသုံးပြုသွားဦးမှာ မဟုတ်ပဲ ကွာတားဖိုင်နယ်အဆင့်ကနေ စတင် အသုံးပြုသွားမယ်လို့လည်းသိရပါတယ်။
Photo - Scroll.in
ဒီ ဗီဒီယိုစောင့်ကြည့်စနစ်ကိုတော့ မနှစ်က ဘောလုံးရာသီမှာ ဂျာမန် ဘွန်ဒက်လီဂါနဲ့ အီတလီစီးရီးအေတို့မှာ စတင်ကျင်းသုံးခဲ့ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲကတော့ VAR စနစ်ပထမဆုံးအသုံးပြု ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
ပရိသတ် ၁၀၀၀ ကို စစ်တမ်းကောက်ယူမှုအရ ၇၅ ရာခိုင်နှုန်းက အဆိုပါ ဗီဒီယို စောင့်ကြည့်စနစ်ကြောင့် ဘောလုံးပွဲ ရသပိုမို ကောင်းမွန်လာခဲ့ တယ်လို့သိရပြီး The Times သတင်းဌာနကလည်း ဥရောပ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အဆိုပါ VAR စနစ်ကို ဆက်လက်ကျင်းသုံးသွားသင့်တယ် လို့ မှတ်ချက်ပေးထားပြန်ပါတယ်။
Photo - The Young Gaffers
ဒါကြောင့် ဥရောပ ကလပ်ပြိုင်ပွဲကျင်းပရေး ကော်မတီကနေ အဆိုပါ VAR စနစ်ကို ချန်ပီယံလိဂ်ပြိုုင်ပွဲမှာ အသုံးပြုသွားနိုင်ရေးကို လာမယ့် စက် တင်ဘာအကုန်မှာ မိုနာကိုမြို့မှာ နောက်ဆုံး ဆုံးဖြတ်ချက်ပေးမယ်လို့လည်းသိရပါတယ်။
VAR စနစ်ကို စတင်ခဲ့တာကတော့ ဒတ်ချ်ဘောလုံးလိဂ်ဖြစ်ပြီး ၂၀၁၂-၁၃ ဘောလုံးရာသီက စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။အဲ့နောက် သြစ တြေးလျ လိဂ်ကလည်း ၂၀၁၇-၁၈ ဘောလုံးရာသီမှာ စတင်အသုံးပြုခဲ့သလို အမေရိကန်မေဂျာလိဂ်၊ဘွန်ဒက်လီဂါနဲ့ စီးရီးအေတို့မှာလည်း အသုံး ပြုနှင့်ပြီး ဖြစ်ပါတယ်။
အင်္ဂလန်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇန်နဝါရီလတုန်းက ဘရိုက်တန်နဲ့ ပဲလေ့စ်ကစားခဲ့တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ စတင်အသုံးပြုထားပြီး လိဂ်မှာတော့ အသုံးမပြုသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ နိုင်ငံတကာ ပြိုင်ပွဲတစ်ခုမှာ ပထမဆုံးအကြိမ် စတင်အသုံးပြုတာ ဖြစ်ပြီး လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲ မှာလည်း အသုံးပြုနိုင်ရေး ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Share