AD
AD
AD

ယနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက်)မှာတော့ မန်ယူအသင်းဟာ ဆီဗီလာအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ် ကွင်းကြီးအတွင်းမှာ ချန် ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဧည့်ခံ ကစားသွားမှာ ဖြစ်ပါတယ်။

ပထမအကျော့မှာ ဂိုးမရှိသရေကျထားတာကြောင့် ဒုတိယအကျော့မှာနှစ်သင်းစလုံးအတွက် အခွင့်အရေးကိုယ်စီ ရှိနေပြီး မန်ယူအသင်းအနေနဲ့ အိမ်ကွင်း အားသာချက်နဲ့ အတူ ဆီဗီလာကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ဖို့ ပြင်ဆင်မှုတွေကိုလည်း နည်းပြမော်ရင်ဟိုက ပြုလုပ်လျက်ရှိ တာကို ဗြိတိန်မီဒီယာတွေက ဖော်ပြလာပါတယ်။

အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှ ပုံရိပ်တွေဟာလည်း ပျံ့နှံ့လာပြီး မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှ ယခုည ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် အတွက် အားတက်ဖွယ် မြင်ကွင်းတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play

 

(၅) နားလည်မှုကောင်းတွေ ရနေတဲ့ ဆန်းချက်နဲ့ လူကာကူ
---------------------------------------------------------

မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာတော့ ဆန်းချက်နဲ့ လူကာကူတို့ရဲ့ ချစ်ခင် ကျီစယ်နေတဲ့ ပုံတွေက မန်ယူပရိသတ်တွေကို အားရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

တစ်ချိန်က မန်ယူတိုက်စစ်အတွဲတွေဖြစ်တဲ့ အန်ဒီကိုးလ်နဲ့ ဒွိုက်ယော့ခ်၊၀ိန်းရွန်နီနဲ့ ကားလို့စ်တိဗက်စ်တို့ကိုတောင် ပြန်မြင်ယောင်စေမိပါတယ်။
ဆန်းချက်အနေနဲ့ မန်ယူကို ရောက်ရှိချိန်ကတည်းက လူကာကူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေခဲ့တာ ဖြစ်ပြီး လူကာကူအနေနဲ့လည်း ပြီးခဲ့တဲ့ လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ဆန်းချက်နဲ့ အတွဲမိခဲ့တာလည်း ဖြစ်ပါတယ်။

ယခု မန်ယူအသင်းရဲ့ ကာရစ်ခ်ျတန် ထရိန်နင်မှာလည်း ၎င်းတို့နှစ်ဦးရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပုံစံတွေကို မြင်တွေ့နေရတာကြောင့် လာမယ့် ဆီဗီလာနဲ့ပွဲအတွက် အားတက်စရာ မြင်ကွင်းတစ်ရပ်အဖြစ် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

play

(၄) သူရဲကောင်းအသစ် ဖြစ်လာတဲ့ ရက်ရှ်ဖို့ဒ်
---------------------------------------------

လီဗာပူးနဲ့ပွဲအပြီးမှာတော့ ဗြိတိန်မှာ ထုတ်ဝေတဲ့ ဂျာနယ်တွေ ၊သတင်းစာတွေရဲ့ စာမျက်နှာထက်မှာ ရက်ရှ်ဖို့ဒ်က ထိပ်ဆုံးက ပါဝင်နေခဲ့တာ လည်း ဖ်ြစပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ပုံရိပ်တွေက လာမယ့်ဆီဗီလာနဲ့ပွဲမှာ သူ ပါဝင် ပွဲထွက်လာဖို့ ရှိမလားဆိုတဲ့ မေးခွန်းတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

အသက် ၂၀ အရွယ် ကစားသမားတစ်ဦးအနေနဲ့ပွဲစဉ်တိုင်းလိုလိုကို ပွဲထွက်ကစားသမားအဖြစ် ကစားဖို့ မလွယ်ဘူးလို့ မော်ရင်ဟိုက ထုတ်ဖော် ပြောထားပေမယ့်လည်း လီဗာပူးကို အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲထွက်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လာမယ့် ဆီဗီလာနဲ့ပွဲမှာလည်း ရက်ရှ်ဖို့ဒ် ပွဲ ထွက်လာမလားဆိုတာကလည်း လေ့ကျင့်ရေးမှာ မြင်တွေ့နေရတဲ့ ရက်ရှ်ဖို့ဒ်ကြောင့် မန်ယူပရိသတ်တွေ စိတ်လှုပ်ရှားနေရမှာပါ။

play

 

(၃) ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်လာတဲ့အီဗရာဟီမိုဗစ်
--------------------------------------------------------

ပြီးခဲ့တဲ့ ရာသီအကုန်လောက်မှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ မန်ယူအသင်းရဲ့ ၀ါရင့် တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ် ဟာယနေ့ညမှာ ကစားမယ့် ဆီဗီလာအသင်းနဲ့ ပွဲအတွက် မန်ယူအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

တနင်္လနေ့မှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာခဲ့တာကြောင့် ဆီဗီလာနဲ့ပွဲမှာ မိုဗစ်ကို မော်ရင်ဟို ကွင်းအတွင်းဝင်ခွင့် ပေးမှာလားဆိုတာလည်း ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းနေပြန်ပါတယ်။

play

 

(၂) လေ့ကျင့်ရေး ပျက်ကွက်ခဲ့တဲ့ ပေါ့ဂ်ဘာ
------------------------------------------

လီဗာပူးကို အနိုင်ရခဲ့တဲ့ ပွဲတုန်းကလည်း ဒဏ်ရာ ပြဿနာကြောင့် ဆိုပြီး ပေါ့ဂ်ဘာ လွဲချော်ခဲ့ပေမယ့် အသင်းကတော့ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါ တယ်။

ပွဲအပြီးမှာတော့ ချဲလ်ဆီး ကစားသမားဟောင်း အားကစားသတင်းတင်ဆက်သူ လမ်းပတ်က မန်ယူအသင်းအနေနဲ့ ပေါ့ဂ်ဘာ မပါဝင်မှ ပိုပြီး ဟန်ချက်ညီမှု ရှိခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

ယခုလည်း တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ထရိန်နင်မှာ လာရောက်ပူးပေါင်းဖို့ ပျက်ကွက်ခဲ့တဲ့ ပေါ့ဂ်ဘာကို မော်ရင်ဟို ညှိုနှိုင်းဖို့လိုအပ်နေပြီ ဖြစ်ပြီး ယနေ့ညမှာ ပါဝင်လာဖို့ ရှိမရှိကတော့ မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ စောင့်ကြည့်ရမှာပါ။

play

 

(၁) အောင်ပွဲခံဟန် အသစ် တီထွင်နေတဲ့ လင်ဂတ်
--------------------------------------------------

ဂိုးသွင်းပြီးရင် ကကွက်တစ်ခုခုနဲ့ အောင်ပွဲခံလိုက်ရမှ လင်ဂတ်က ကျေနပ်တဲ့ကစားသမားမျိုးဆိုတာ အားလုံးအသိပါ။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ရေးမှာတော့ လင်ဂတ် တစ်ခုခုကို ပုံဖော်နေတဲ့ဟန်ကို ဗြိတိန်မီဒီယာတွေက ရိုက်ကူးထားနိုင်လိုက်ပါတယ်။

အဲ့ဒါကတော့ ဂိုးသွင်းပြီးရင် အောင်ပွဲခံဖို့အတွက် အောင်ပွဲခံဟန်အသစ်တစ်ခုကို လေ့ကျင့်နေဟန်တူတယ်လို့ ဗြိတိန် မီဒီယာတွေက ရေးသား ဖော်ပြခဲ့တာကြောင့် ဆီဗီလာနဲ့ပွဲမှာ လင်ဂတ် ဂိုးသွင်းပြီးမှပဲ အတည်ပြုလို့ ရတော့မှာလည်း ဖြစ်ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD